ပြည်သူတွေအတွက် အရေးကြီးတဲ့ အပိုင်းကို သူတို့ကိုယ်တိုင် ထောက်ပံ့ကူညီ ပေးသွားမယ်လို့ ဆိုလာတဲ့ ခီမောင်နှံ

ပြည်သူတွေအတွက် အရေးကြီးတဲ့ အပိုင်းကို သူတို့ကိုယ်တိုင် ထောက်ပံ့ကူညီ ပေးသွားမယ်လို့ ဆိုလာတဲ့ ခီမောင်နှံ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာ့ ရုပ်ရှင်လောကမှာ အသက် အလတ်ပိုင်းအ နေနဲ့ အောင်မြင်မှုရရှိလာကြတဲ့ ခီမောင်နှံကိုတော့ လူတိုင်း သိပြီးသားဖြစ်ကြမှာပါ။

ခီမောင်နှံတို့နှစ်ယောက် ရိုက်ကူးထားကြတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ လက်ချိုး ရေရလောက်အောင် နည်းပါးပေမဲ့ အရေအတွက်ထက် အရည် အချင်းကသာ အရေးပါတယ်ဆိုတာကို သက်သေပြသွားတယ်ဆိုတာ သေချာပါတယ်။

နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ပညာတွေ ဆည်းပူးပြီး မြန်မာနိုင်ငံကို ချစ်လို့ ပြန်လည်အခြေချလာခဲ့တဲ့ ခီမောင်နှံတို့က ရွေးကောက်ပွဲကြီး မပြုလုပ်ခင်မှာလည်း မြန်မာပြည် တစ်ဝှမ်းမှာ ဖွံဖြိုးဆဲနေရာတွေဖြစ်တဲ့ လမ်းတံတား ကောင်းမွန်မှုတွေကို ရိုက်ကူးပြီး ပြည်သူအ များကို ချပြခဲ့တာတွေလည်း လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ကြတယ်။

ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကို စစ်တပ်က မတရားဖမ်းဆီးပြီး အာဏာ သိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့ ပြည်သူထဲက ပြည်သူတွေဖြစ်ကြတဲ့ ခီမောင်နှံတို့လည်း ခံစားချက်တွေ ပွင့်ထွက်လာခဲ့ရပြန်ပါတယ်။

စစ် အာဏာရှင်ဖြုတ်ချရေးမှာလည်း အ ရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ CDM မှာပါဝင်ပေးကြတဲ့ ဝန်ထမ်း အားလုံးအတွက် ကူညီ ဆောင် ရွက်ရေးအတွက် ဖွဲ့စည်းထားတဲ့We Support Heroes အစီအစဉ်တွင် ပါဝင်ပြီး အားဖြည့် ကူညီသွား မယ်လို့သိရပါတယ်။

လူမှုကွန်ယက် စာမျက်နှာကနေလည်း ပြည်သူ့အစိုးရကို ပြန်လည်ရရှိရေးအတွက် ပြည် သူလူထုနဲ့အတူ ရင်ဘတ်ချင်း ထပ်တူကျနေပါတယ်လို့လည်း သက်သေတွေပြလို့နေပါတယ်။

ခုလိုမျိုး မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံပေးကြတဲ့ အနုပညာရှင်တွေအ တွက် ပရိတ်သတ်ကြီးလည်း အား ပေးစ ကားလေး ပြောပေးသွားကြပါအုံးနော်။ စာဖတ်ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *