ပြည်သူတွေအတွက် အစားအသောက် အဆင်ပြေစေရန်အတွက် သူမ တတ်နိုင်သလောက် သွားရောက် လှူဒါန်းခဲ့တဲ့ မိတ်ကပ် ညီညီမောင်

ပြည်သူတွေအတွက် အစားအသောက် အဆင်ပြေစေရန်အတွက် သူမ တတ်နိုင်သလောက် သွားရောက် လှူဒါန်းခဲ့တဲ့ မိတ်ကပ် ညီညီမောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သုသုကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရရာနေရာကနေ လမ်းမပေါ်ထွက်ပြီး ဆန္ဒ ထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

ဒါ့အပြင် လမ်းမပေါ်ထွက်ပြီး လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေ အပြင် ညဘက်မှာ ပတ်ဝန်းကျင် လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစား အသောက်များ လှူဒါန်းခဲ့ပါသေးတယ်။

အခုဆိုရင် ရက်တွေ များစွာကြာနေပြီဖြစ်တဲ့ ဒီ လူထု လှုပ်ရှားမှုကြီးက အပစ် အခတ်တွေ အတား အဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေ ဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း ပစ္စည်း ဥစ္စာတွေ အဖျက်အဆီး ခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့ နေထိုင်နေရတာပါ။

ခုလိုအခြေ အနေမျိုးကြီးမှာ အလုပ် အကိုင်တွေလည်း အလွယ်တကူ မလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက် အခဲတွေများစွာ ကိုကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ဒီလို အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပြည်သူတွေကော အနုပညာရှင်တွေက တတ်နိုင်သလောက် ထောက်ပံ့ကာ လှူဒါန်းမှုတွေ မျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာတွေ့ရပါတယ်။

အခုလည်း သုသုတစ်ယောက် လှိုင်သာယာက ပြည်သူတွေ စားဝတ် နေရေး အဆင်ပြေစေရန်အတွက် ဆန် ဆီ ကြက်သွန် စတဲ့အစားအသောက်များကို တတ်နိုင်သလောက် လှူဒါန်းခဲ့တာကိုတွေ့မြင်ရပါတယ်။

အလှူပုံလေးတွေနဲ့အတူ ” တမူးရလို တပဲလှူ တိုရှမ်း တောင်သူ တူနိုင်ရိုးလား ဒီအချိန်မျှတော့ ကိုယ်ရှိတဲ့ မျိုးစေ့ ထဲကတက်နိုင်တာလေး ပြန်လှူ ဖြစ်တာပါ (ဆန် ဆီ ကြက်သွန် အာလူး) (လှိုင်သာယာ မှာလှုဖို့ပါ )” ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိတ်သတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *