ပြည်သူတွေနဲ့တစ်သားတည်းရှိကြောင်းကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး ဝန်းရံလာခဲ့ကြတဲ့ သရုပ်ဆောင် သူထူးစံတို့ ဇနီးမောင်နှံ

ပြည်သူတွေနဲ့တစ်သားတည်းရှိကြောင်းကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး ဝန်းရံလာခဲ့ကြတဲ့ သရုပ်ဆောင် သူထူးစံတို့ ဇနီးမောင်နှံ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ် ဆောင် မင်းသားကြီး သူထူးစံက အနုပညာ အလုပ်တွေ အတူတူတွဲလုပ်ရင်း မေတ္တာမျှလာခဲ့တဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ခဲ့တာ ပရိတ်သတ်တွေလည်း သိကြမှာပါ။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်ကအပြန် အလှန် နားလည်မှု အပြည့်ပေးပြီး ပေါင်းသင်းနေထိုင်ကြလို့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး လေးဖြစ်ပါတယ်။

သူထူးစံကလည်း အခု နောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို တစိုက် မက်မက်နဲ့ပြန်လည် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ထိုက်ဆုဝင်းက ချစ်ခင်ပွန်းအတွက် ပါရမီဖြည့်ဖက် ကောင်းပီသစွာနဲ့ သေချာ ဂရုစိုက်ပေးပြီး လိုအပ်သမျှကို အမြဲဖြည့်ဆည်းပေးတတ်တဲ့ ဇနီး အလိမ္မာလေးဖြစ်ပါတယ်။

သူထူးစံ တို့ဇနီးမောင်နှံ နှစ်ယောက်လုံးကို ပရိတ်သတ်တွေကလည်း အရမ်း ချစ်ခင်ကြပြီး အမြဲ အားပေးနေကြတာဖြစ်ပါတယ်။

ခုဆိုရင်လည်း သူထူးစံတို့ ဇနီးမောင်နှံက စိတ် တူကိုယ်တူနဲ့ လမ်းမပေါ်ထွက်ပြီး နိုင်ငံအ တွက် တစ်ထောင့် တစ်နေရာကနေ ပါဝင် လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ကဟာ ဆူးလေဘက်ကို သွားရောက်ပြီး အများပြည်သူနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့တာဖြစ်ပါတယ်။

သူထူးစံတို့ ဇနီးမောင်နှံက နေပူကြီးထဲမှာ မရေမတွက်နိုင်သော လူအုပ်ကြီးကြားထဲကို အရောက်သွားပြီး သတ္တိအပြည့်နဲ့ ရဲရင့်စွာ လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

အခုလိုအချိန်မှာ သူထူးစံနဲ့ထိုက်ဆုဝင်းတို့ကလည်း အိမ်ထဲမှာပဲမနေဘဲ လမ်းမပေါ်ထွက်ပြီး ကြံ့ကြံ့ ခိုင်ခိုင်နဲ့ ရင်ဆိုင်ကြလို့ ပြည်သူ လူထုကလည်း ပိုမို အားတက်ရအောင် သူတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေး လိုက်ပါတယ် ခင်ဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း သူထူးစံတို့ ဇနှီးမောင်နှံအပေါ် ချစ်ခင်အားပေးကြပါအုံးနော်။ ဖက်ရူ့အားပေးကြတဲ့ ပရိတ်သတ်တွေလည်း ခုလိုကာလမှာ ကျန်းမာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *