ပြည်သူတွေကို ဝမ်းသာစရာ သတင်းကောင်း တစ်ခု ပြောပြလာခဲ့ ပြည်သူ့ အချစ်တော် မင်းမော်ကွန်း

မကြာခင် ရန်ကုန်ကို လာတော့မှာဖြစ်ကြောင်းကို သက်သေနဲ့တကွ ပြောပြလာခဲ့တဲ့ ပြည်သူ့ အချစ် တော် မင်းမော်ကွန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူ အချစ် တော် မင်းမော်ကွန်းက မြန်မာနိုင်ငံတွင် ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှား မှုများတွင် ပြည်သူတွေနဲ့ အတူ ပူးပေါင်း ပါဝင် လာခဲ့တဲ့ အနုပညာရှင် တစ်ဦး ပဲဖြစ်ပါတယ်။

အခုလို ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ တရား စွဲဆို ခံထားရတာ ပဲဖြစ်ပါတယ်။

အခြေ အနေ အရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့်လည်း လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့် တတ်နိုင် သလောက် speak out လုပ်ပေးနေတာ ပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေက မင်းမော်ကွန်းရဲ့ အားကြိုး မာန်တက် ပါဝင် ဆောင်ရွက်ခဲ့တာကို လေးစား အားကျနေကြတာ ပဲဖြစ်ပါတယ်။

တိကျတဲ့ သတင်း အချက်များကိုလည်း အားလုံးကို ပြန်လည် ဝေမျှ ပေးလေ့ရှိရာ မကြာသေးခင် နာရီ ပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ Facebook Story တွင် ပုံလေး နှစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး အပြတ် အသတ်ကို မိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ပုံရိပ် တစ်ချို့ပဲ ဖြစ်ပါတယ်။

သူကလည်း ”ပြေးလာချင်တယ် ရန်ကုန်” ရန်ကုန်ကို လာမယ် ဆိုတဲ့ Caption တွေနဲ့ အတူ ရေးသား ဝေမျှ ထားတာကိုလည်း မြင်တွေ့ ရပါတယ်။

မင်းမော်ကွန်းက တောထဲ တစ်နေရာမှာ နေထိုင် နေရတာတောင် သူ့ရဲ့ ပုံစံကတော့ ခန့်ညား နေဆဲပါပဲ။

ပရိတ်သတ်ကြီး အားလုံးလည်း ကြည့်ရှုလို့ ရအောင် မင်းမော်ကွန်းရဲ့ ပုံရိပ် အချို့ကို တင်ဆက် ပေးလိုက် ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *