ပြည်သူချစ် အနုပညာရှင်များ အတွက် ဝမ်းသာစရာ သတင်း ၅ ခု တပြိုင်ထဲ ကြားရမဲ့နေ့ကိုရောက်ပြီ

ပြည်သူချစ် အနုပညာရှင်များ အတွက် ဝမ်းသာစရာ သတင်း ၅ ခု တပြိုင်ထဲ ကြားရမဲ့နေ့ကိုရောက်ပြီ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုတခါမှာတော့ ပရိတ်သတ်ကြီး အနေနဲ့ ဝမ်းသာစရာ သတင် ၅ ခုကို တပြိုင်ထဲ ကြားရတော့မှာ ဖြစ်ပါတယ် ။

အဲ့ဒီ သတင်းက သရုပ်ဆောင် အနုပညာရှင်များ ဖြစ်ကြတဲ့ လူမင်း ပိုင်တံခွန် အဆိုတော် ပိုပိုနဲ့ ပြေတီဦး အိန္ဒြာကျော်ဇင်တို့ကို ဇန်နဝါရီလ ၁ ရက်နေ့မှာ အပြီး လွှတ်ပေးတော့မှာ ဖြစ်ပါတယ် ။

အာဏာ သိမ်းပြီး မကြာခင်မှာပဲ ၅၀၅ က ပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ အနုပညာရှင် ၅ ယောက်က မိသားစုတွေနဲ့ရော ပရိတ်သတ်တွေနဲ့ပါ ခွဲခွာခဲ့ရတာ အချိန် အတော်ကြာခဲ့ပြီ ပဲဖြစ်ပါတယ် ။

ခု အချိန်မှာတော့ သူတို့ အမှုတွေ ရုပ်သိမ်းပြီး အပြီးလွှတ် ပေးတော့မယ်လို့ ဘရိတ်ကင်း နယူး သတင်းအရ သိရတာဖြစ်ပါတယ် ။

မိသားစုတွေ စုံစုံညီညီနဲ့ အားလုံး ပြန်ဆုံကြမှာ ဖြစ်ပေမယ့် အဲ့ဒီ အထဲမှာတော့ သရုပ်ဆောင် ပြေတီဦး တယောက် မပါဝင်ခဲ့ပါဘူး ။

သရုပ်ဆောင် ပြေတီဦးကို ဖမ်းဆီး ထိန်းသိမ်းထားချိန်မှာပဲ သူ့ရဲ့ ဖခင် ဒေါက်တာ တင်မောင်ဦးက ကွယ်လွန်ခဲ့လို့ ဖခင်ရဲ့ ဈာပနကိုတောင် လိုက်ပို့ခွင့် မရခဲ့ပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူချစ် အနုပညာရှင်တွေ အခုလို ပြန်လွတ်မဲ့ ကိစ္စ အတွက်တော့ ကျနော်တို့ ပရိတ်သတ်တွေ ဝမ်းသာ ကြမယ်လို့ မျော်လင့်မိပါတယ် ။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *