ပြည့်တန်ဆာဆိုလဲ လုံးဝမရှိ၊ သူတောင်းစားလဲ မရှိတဲ့ ကမ္ဘာ့ စိတ်အချမ်းသာဆုံး နိုင်ငံလေး

ပြည့်တန်ဆာဆိုလဲ လုံးဝမရှိ၊ သူတောင်းစားလဲ မရှိတဲ့ ကမ္ဘာ့ စိတ်အချမ်းသာဆုံး နိုင်ငံလေး

မြတ်စွာဘုရားရဲ့တရားတော် တွေနဲ့ အခြေခံ ဥပ ဒေ ရေးဆွဲထားတဲ့ နိုင်ငံ။ တောင်ပေါ် နိုင်ငံငယ်လေး တစ်ခု၊ လူဦးရေ ၆ သိန်း ကျော်သာ ရှိပြီး ဆေးလိပ် သောက်တဲ့ သူဟာလဲ ၁% ပဲ ရှိပါတယ်။

Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက် ရှင်လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာ အမျိုးသား အမျိုး သမီး ဝတ်စုံက လွဲရင် တစ်ခြားသော ဖက် ရှင်ဆို ဘာမှကို မဝတ်ကြလို့ ပဲဖြစ်ပါ တယ်။

၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခု ပါ။ စစ်သည်တော် ၁၆၀၀၀ ပဲ ရှိပါတယ်။ ဆင်းရဲတဲ့ နိုင်ငံငယ်လေး တစ်ခု ဖြစ်ပြီး မြို့တော်ဟာဆို မြန်မာနိုင်ငံက ပဲခူးမြို့လောက်တောင် မစည်ပါဘူး။

အထပ်မြင့် အဆောက် အ အုံတွေ မရှိပေမယ့် စုတ် ပြတ်နေတဲ့ တဲအိမ်တွေလဲ မရှိပါဘူး ပြည့်တန်ဆာ ဆိုတာဟာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ် အတွင်း တစ်နိုင်ငံလုံးမှာ အမှု တစ်မှုပဲ ရှိခဲ့ပါတ ယ်။ အဲ့ဒီ အမှုကလည်း ဘုန်းကြီး ကျောင်းထဲကို ဖိနပ်စီးပြီး ဝင်မိလို့ပါ။

ဆင်းရဲပေမယ့် လည်းလူဦးရေ ရဲ့ ၉၇% ဟာ စာတတ်ကြ ပါတယ်။ နိုင် ငံခြားကို ထွက်ပြီး ပညာတော် သင်သူတွေရဲ့ ၉၉ % ဟာ နေရပ် ကို ပြန်လာကြ ပါတယ်။ နိုင်ငံသားတွေ ဟာ ပျော်ရွှင်မှု ရှိကြပြီး ချမ်းသာခြင်း ကိုရုပ်ဝတ္တုတွေနဲ့ မတိုင်း တာပဲ စိတ်ချမ်းသာမှု နဲ့ သာ တိုင်းတာ ကြပါတယ်။

စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရား တစ်ပါးသာ ရှိပါတယ်။ ပုံပြင် ဆန်ဆန် အချစ် ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့ တစ်နေ့ ၁၇ နှစ် အရွယ် အိမ်ရှေ့ မင်းသား တိုင်းခန်း လှည့်လည်တဲ့ အခါမှာ ၇ နှစ် သမီးအရွယ် မိန်းကလေး တစ်ယောက်က သူ့ကိုခေါ် သွားဖို့ ပြောပါ တယ်။

အဲဒီအခါ မင်းသားက- မင်းလဲ အရွယ်ရောက် အိမ် ထောင် မရှိတဲ့ အခါ ငါလဲ အိမ်ထောင်ကို မပြုရ သေးရင် လာခေါ်မယ်လို့ ကတိပေးခဲ့ ပါတယ်။ နောင်တစ်ချိန် မင်းသားက ၃၁ နှစ် မိဖုရားက ၂၁နှစ် အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ် ။ မင်းသားက ၁၉ နှစ်အရွယ်မှာ ဘုရင်ဖြစ်လာ ခဲ့ပြီး အောက်စဖို့ တက္ ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

အဲ ဒီနိုင်ငံ က ဗုဒ္ဓဘုရားရှင် ဟောကြား တဲ့ တရားတော်တွေ ထဲမှာလဲ ပါလေ့ရှိတဲ့ တောင်တန်း ကြီးပေါ် မှာ ရှိပါတယ်။ အဲ့ဒီ တောင်ပေါ် နိုင်ငံလေးရဲ့ နာမည်ကတော့….. ဘူတန်ဖြစ် ပါတယ်။ ခရက်ဒစ် – မူရင်းရေးသားသူ

Add a Comment

Your email address will not be published. Required fields are marked *