ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပစ္စည်းတွေကို သူမအိမ်ကိုပြန်ပို့လာခဲ့တဲ့ အမျိုးသားတစ်ဦး (တကယ့်ကို လေးစားစရာ စိတ်ဓါတ်လေးပါ)

ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပစ္စည်းတွေကို သူမအိမ်ကိုပြန်ပို့လာခဲ့တဲ့ အ မျိုးသားတစ်ဦး (တကယ့်ကို လေးစားစရာ စိတ်ဓါတ်လေးပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အခုလို ခက်ခဲတဲ့အချိန်တွေမှာ ကြင်နာတတ်တဲ့လူတွေရဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတဲ့ ပုံပြင်တွေကို အမြဲတမ်းကြားနေရခြင်းက ဝမ်းသာစရာတစ်ခုဆိုလည်း မမှားပါဘူး။

Paulynn Koh အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးက social media ပေါ်မှာ သူမရဲ့အားရကျေနပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံလေးကို ပြန်လည် မျှဝေလာခဲ့ပါတယ်။Paulynn က ကုန်တိုက်မှာ ဈေးဝယ်ထွက်နေစဉ် သူမရဲ့ ပိုက်ဆံ သွေးအလှူရှင်စာအုပ်နှင့် အသင်းဝင်ကဒ်တွေကို မတော်တဆဆုံးရှုံးသွားခဲ့ရတယ်လို့ ရှင်းပြလာခဲ့ပါတယ်။

Paulynnက ကောင်တာမှာပိုက်ဆံရှင်းဖို့လုပ်တဲ့ အချိန်မှာ သူမရဲ့ပိုင်ဆိုင်မူပစ္စည်းများက သူမရဲ့အိတ်ထဲမှာမရှိနေတော့တာကို သ တိပြုမိလာခဲ့ပါတယ်။ Paulynn ရဲ့ RM 146 ငွေပမာဏက သိပ်မများပေမယ့်လည်း နည်းနည်းလေးတော့မဟုတ်ပါဘူး။ ထို့နောက် Paulynnက သူမပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေမဲ့အခွင့်အလမ်းကိုစွန့်လွှတ်လိုက်ပြီး အိမ်သို့ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့ မွန်းလွဲပိုင်း ညနေ (၄) နာရီခန့်မှာ Paulynn မီးဖိုချောင်မှာရှိနေစဉ် သူမ အိမ်တံခါးအပြင်ဘက်ကနေ တစ်စုံ တစ်ယောက်က သူမရဲ့နာမည်ကို အော်ခေါ်နေတာကို ကြားခဲ့ရပါတယ်။

Paulynnက အစပိုင်းမှာ delivery သမားလို့ထင်ခဲ့ပြီး သွားစစ်ဆေးကြည့်ဖို့ အပြင်ထွက်ခဲ့ပေမဲ့လည်း ၎င်း အမျိုးသားက သူမကိုတွေ့တော့ အမက သွေးလှူရှင်ဟုတ်လားလို့မေးလာခဲ့ပါတယ်။

Paulynnက ထိုသူရဲ့လက်ထဲမှာ သူမရဲ့ပစ္စည်းတွေရှိနေတာကို မြင်လိုက်တော့ တုံ့ဆိုင်းလာခဲ့ရပါတယ်။ Paulynn က ၎င်း အမျိုးသားက သူမရဲ့ပိုက်ဆံတွေကို မယူခဲ့တဲ့အပြင် သူမရဲ့ပစ္စည်းကိုပေးလိုက်ပြီးနောက် သူမအား ကျေးဇူးတင်စကားတောင် ပြောခဲ့ကြောင်း ပြောလာခဲ့ပါတယ်။

၎င်း မော်တော်ဆိုင်ကယ်နဲ့ အမျိုးသားဟာ သူမထံမှ ဘယ်အရာမှမလိုချင်ကြောင်းလည်း ပြောလာခဲ့ပါသေးတယ်။ ကျွန်မ အ ရမ်းစိတ်လှုပ်ရှားသွားခဲ့ပြီး သူ့နာမည်ကိုတောင် မေးဖို့ မေ့သွားခဲ့ပါတယ်။

သူနဲ့ကျွန်မ ထပ်တွေ့ခွင့်မရတော့ပေမယ့်လည်း သူ့ရဲ့ကြင်နာမှုကို ကျွန်မနှလုံးသားထဲမှာ တစ် သက်တာပုံနှိပ်ထားနေမှာပါ။ သူ့ကို အရမ်းကျေးဇူးတင်နေမိတယ်လို့ Paulynn က ရေးသား ဖော်ပြလာခဲ့ပါတယ်။

သူမရဲ့ Post အဆုံးသတ်မှာ သူစိမ်းတစ်ယောက်ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ကြင်နာမှုနှင့် ရက်ရောမှုကို သူမဘယ်တော့မှမေ့နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောလာခဲ့ပါသေးတယ်။အကယ်လို့ သင်က သူမရဲ့နေရာမှာသာဖြစ်နေခဲ့ရင် ၎င်း အမျိုးသားကို ဘာပြန်လုပ်ပေးမှာလဲဗျာ။

ဒီလိုကြင်နာတတ်တဲ့လူသားတွေ တည်ရှိနေခြင်းက ကမ္ဘာကြီးအတွက် အရမ်းကို အ သုံးဝင်သွားစေမှာတော့ အမှန်ပါပဲဗျာ။ ပရိတ်သတ်တွေအားလုံးရော ၎င်း အမျိုး သားအ တွက် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *