ပဲခူးမြို့တွင် ပြည်သူနှင့် ပူးပေါင်းသော ရဲတပ်သား (၃) ဦးအား အသည်းသန် လိုက်လုံဖမ်းဆီးနေ

ပဲခူးမြို့တွင် ပြည်သူနှင့် ပူးပေါင်းသော ရဲတပ်သား (၃) ဦးအား အသည်းသန် လိုက်လုံဖမ်းဆီးနေ

စာဖတ်သူအပေါင်းတို့ ခင်ဗျာ … ယနေ့ ဖေဖော်ဝါရီ ၁၁ နေ့မှာ ဆန္ဒပြ ပြည်သူများနှင့်အတူ လုံခြုံရေး တာဝန်ကျနေသော ရဲတပ် သား (၃) ဦးက လာရောက် ပူးပေါင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပဲခူးမြို့ ဘုရားလမ်း သီရိစတိုးရှေ့တွင် ဖြစ်ပျက်ခဲ့တာပါ… လုံခြုံ‌‌ ရေးဆောင်ရွက်နေသည့် ရဲတပ်သား (၃) ဦး ယနေ့ နေ့လည် (၂) နာရီခန့်က ဆန္ဒပြ ပြည်သူများနှင့်လာရောက်ပူးပေါင်းခဲ့တာပါ။

ဒီလို ပူပေါင်းလိုက်တဲ့ ရဲတပ်သား (၃) ဦးကို ကျန် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ဖမ်းဆီးနေနေပါတယ်။ နောက်ဆုံး သတင်းအရကတော့ ရဲတပ်သား (၂) ဦးက ပြန်အဖမ်းခံလိုက်ရပြီး နောက် ၁ ဦးကတော့လွှတ်သွားပါတယ်။

လွတ်သွားတဲ့ ရဲတပ်သားတစ်ဦးကို ဆိုရှယ် လစ်ထဲမှာ ရဲနှင့် စစ်သားတွေ လိုက်ရှာနေတယ် ဟု Bago weekly သတင်းအရင်းမြစ်က ဆိုသည်။

ယခုအခါ ဆိုရှယ်လစ် (၉) လမ်းရှိ နေအိပ်တစ်ခုကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေလျှက်ရှိသည်ဟု ဒေသခံများက ပြောကြားပါတယ်။

ရဲတပ်သား လာရောက် ပူး ပေါင်း သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်မှ လိုက်လံ ဖမ်းဆီးနေသည့် သတင်း ဓါတ်ပုံများ Mizzmia သတင်း ဌာနတွင်လဲ ဖော်ပြထားပါတယ်။

ပြည်သူ့ဘက် ပါလာသော ရဲတပ်သားအား ပြည်သူက ပြန်လည် ကာကွယ် နိုင်မယ်လို့ မျော်လင့် မိပါတယ်… ဝန်းရံပေးကြပါအုံး ပဲခူးမှ အမျိုးတို့ရေ…..

Add a Comment

Your email address will not be published. Required fields are marked *