ပူစီဖောင်းတွေရောင်းရင်း ညီငယ်လေးကို စာဖတ်တတ်အောင် တကူးတက သင်ကြားပေးနေခဲ့တဲ့ ကောင်လေး

ပူစီဖောင်းတွေရောင်းရင်း ညီငယ်လေးကို စာဖတ်တတ်အောင် တကူးတက သင်ကြားပေးနေခဲ့တဲ့ ကောင်လေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကလေးငယ်တွေဟာ ပင်ကိုအားဖြင့် စပ်စုတတ်သူတွေဆိုလည်း မမှားပါဘူး။ ဆိုလိုတာက သူတို့က သူတို့ရဲ့ အခြေအနေနဲ့နောက်ခံ ဘယ်လိုပင်ဖြစ်နေပါစေ ၎င်းတို့က အမြဲတမ်းသင်ယူဖို့ စိတ် နှလုံးကို ဖွင့်ထားတတ်ကြပါတယ်။

ကောင်လေး တစ်ယောက်က အင်ဒိုနီးရှား နိုင်ငံရဲ့ လမ်းဘေး တစ်နေရာမှာ ပူစီဖောင်းတွေကို ရောင်းနေစဉ်အတွင်း ညီငယ်ဖြစ်သူကို စာဖတ်တတ်ဖို့ တကူးတက သင်ကြား ပေးနေခဲ့ပုံကို Andi Rihpan Ramadhana အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ Instagram page မှာ မျှဝေပြသလာခဲ့ပါတယ်။ ၎င်း ဓာတ်ပုံက မြင်သူတိုင်းကို နွေးထွေး သွားစေသလို စိတ်မကောင်းလည်း ဖြစ်သွားစေခဲ့ပါတယ်။

၎င်း မောင်နှမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ netizen တစ်ယောက်က ဒီကောင်လေး ဘယ်မှာရောင်းနေလဲလို့ မေးနေတဲ့ သူတွေအတွက် သူက Kolaka ပြည်နယ်ရဲ့ Top Swalayan စူပါမားကတ် ရှေ့မှာ သူ့ညီငယ်လေးနဲ့ အတူ နေ့တိုင်း ပူစီဖောင်းနဲ့ mask တွေကို ရောင်းတာပါလို့ comment မှာ မန့်ပေးလာခဲ့ပါတယ်။

၎င်း ကောင်လေးဟာ အသက် မွေးဝမ်း ကျောင်းပြုနေစဉ် သင်ယူစေချင်တဲ့ ဆုံး ဖြတ်ချက်နဲ့ ညီငယ်လေးကို စိတ်ရှည်သည်းခံစွာနဲ့ သင်ကြားပေးနေခဲ့ပြီး အထူး သဖြင့် ယောကျာ်းလေးတွေလည်း ခက်ခဲတဲ့ အခြေအနေကနေ အကောင်းဆုံး လုပ်ဖို့ ဆန္ဒရှိနေကြတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားစေခဲ့သလို အခုလို ကာလမှာ လူတိုင်းအတွက် အမှန်တကယ် စံပြတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။

အစ်ကိုကြီး အဖရာ ဆိုတဲ့အတိုင်း ကောင်လေးက သူ့တာဝန်ကို ကျေပွန်အောင် ဆောင် ရွက်နေလာခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံသားတွေလည်း ဝမ်းစာပူစီဖောင်းတွေကို ဝယ်ခြင်းအားဖြင့် ၎င်း မောင်နှမအား ကူညီပေးကြလိမ့်မယ်လို့ အမှန်တကယ် မျှော်လင့်နေမိပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းမောင်နှမအ ပေါ် သနားကျင်နာကြမယ်လို့ ထင်မိပါတယ်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *