ပုဒ်မ ၅၀၅ (က)နဲ့ အဖမ်းခံလိုက်ရတဲ့ အေသင်ချိူဆွေ အကြောင်း ပြောပြလာခဲ့တဲ့ အိပန်ဆယ်လို (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပုဒ်မ ၅၀၅ (က)နဲ့ အဖမ်းခံလိုက်ရတဲ့ အေသင်ချိူဆွေ အကြောင်း ပြောပြလာခဲ့တဲ့ အိပန်ဆယ်လို

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဝရမ်း ထုတ်ခံ ထားရသူတွေ ဘာအကြောင်းနဲ့မှ အိမ်မပြန်သင့်ပါဘူး။

မနေ့ညက အေသင်ချိုဆွေကို နေအိမ်မှာ ဖမ်းဆီးသွားပါတယ်။

မဖြစ်မနေ ဖမ်းမယ့် စာရင်းထဲမှ မပါဘူးလို့ ကြား သိရပြီး အိမ်မှာ ပြန်နေတာ တစ်ပတ်ပဲ ရှိပါသေးတယ်။

သမီးလေး မေမေဆိုတော့ အိမ်ပြန် အတူနေချင်တာ မှန်ပါတယ်။

သို့ပေမယ့် စကစမှာ မဖြစ်မနေ ဖမ်းဆီးမယ် မဖမ်းဆီးဘူးဆိုတာ မရှိပါဘူး။

လွယ်ရင် အကုန် ဖမ်းပါမယ်။

မလွယ်ရင် စုံစမ်းနိုင်တဲ့ အင်အား အရည်အချင်း မရှိပါ။

ဒါ့ကြောင့် ဖမ်းဖို့ မလွယ်အောင်နေကြပါ။

ကလေးရှိရင် က လေးပါ ခေါ်ပြေးပါ။

ကလေးကို မထားခဲ့ပါနဲ့။

နောက်ဆံ တင်းစရာရှိရင် အခုလို ပြန်အဖမ်း ခံရတာမျိုး ဖြစ်တတ်သလို တဆာခံ ဖမ်းဆီးတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖြစ်လာတဲ့ အရှိတရားဟာ ခါးသီးပေမယ့်လည်း လက်ခံရပါတော့မယ်။

ဝေးနိုင်သမျှ ဝေးအောင် ရှောင်ပါ။

ရှောင်ဖို့ ခက်နေရင် ယုံကြည်တယ်ဆိုရင် ကျွန်မဆီ ဆက်သွယ်ပါ။

ကိုယ်လည်း ထွက်ပြေးပြီး တစ်လလောက်မှာ …

အိမ်ပြန်နေဖို့ စဉ်းစားခဲ့ဖူးလို့ ကိုယ်ချင်းစာပါတယ်။

ကလေးအမေချင်းမို့ နားလည်ပါတယ်။

အခုအချိန်မှာ ဘဝနဲ့ ရင်းရတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အချိန်မို့ အထူး အထူး သတိထားကြပါ။

မတန်သူတွေဆီ မပေးဆပ်ရမိစေဖို့ အပြင် အရမ်းကြီး မတွေးပါနဲ့။

ဝေးနိုင်သမျှ ဝေးအောင်ပြေးပါ။

အပြင်မှာ ရှိနေမှ ဆက်တော်လှန်နိုင်မှာပါလို့ ပြောလာခဲ့ပါတယ်။

အရေးတော်ပုံကြီး အောင်ရမည်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း ကျေးဇူး အထူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *