ပိုစ့် တစ်ခုတင်ပေးရုံနဲ့ မြန်မာ ငွေသိန်း 1000 နီးပါးရရှိနေကြတဲ့ Squid Game သရုပ်ဆောင်များ

Instagram မှာ ပိုစ့် တစ်ခုတင်ပေးရုံနဲ့ မြန်မာ ငွေသိန်း 1000 နီးပါးရရှိနေကြတဲ့ Squid Game သရုပ်ဆောင်များ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီး Squid Game မှ အဓိက ဇာတ်ဆောင်များသည် စီးရီး အောင် မြင်ပြီးနောက် လူကြိုက်များ လာသည်နှင့် အမျှ သူတို့၏ ဝင်ငွေသည်လည်း မြင့်တက်လာခဲ့ပါတယ်။

ဖော်ပြချက် တစ်ခုက Instagram တစ်ခုတည်းကနေ သူတို့ရဲ့ ဝင်ငွေ ဘယ်လောက် ရတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

Jung Ho Yeon ဟာ ပြီးခဲ့သည့် လက Instagramမှာ followers 4 သိန်း သာရှိခဲ့ပေမဲ့ Squid Game ဖြန့်ချိပြီးတဲ့နောက် ရက်အနည်းငယ်အတွင်း Follower 17 သန်းကျော် သွားခဲ့ပါတယ်။

သူမဟာ idol မဟုတ်တဲ့ မင်းသမီး စာရင်းမှာ follower အ များဆုံး ရရှိထားသူ ဖြစ်လာခဲ့ပြီး မင်းသမီး Lee Sung Kyung (လက်ရှိ Follower 13 သန်းရှိနေသူ) ကို ကျော်တက်သွားခဲ့ပါတယ်။

ယနေ့ခေတ်တွင် influencer တွေရဲ့ ငွေရှာနည်းကတော့ အားလုံး ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။

နာမည်ကြီး brand တံဆိပ်များသည် သူတို့၏ ထုတ် ကုန်များကို Instagram တွင် တင်ပေးရန်အတွက် အံသြစရာ ကောင်းလောက်အောင် များ ပြားတဲ့ ငွေပမာဏကို ပေးလေ့ရှိပါတယ်။

ပြောချင်တာကတော့ နာမည်ကြီး တစ်ယောက်မှာ follower ပိုများလေ သူတို့က ဒီ Instagram ပို့စ်တွေကနေ ပိုက်ဆံ ပိုရနိုင်လေပါပဲလို့ သိရပါတယ်။

Squid Game သရုပ်ဆောင်များသည် သြဇာလွှမ်းမိုးမှု ဘယ် လောက်ထိ ရှိတယ်ဆိုတာကို သိနိုင်ဖို့ CBD အမှတ်တံဆိပ် Area52 သည် Influencer Marketing Hub မှ တဆင့် သုတေသန ပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။

ရှာဖွေချက်များအရ Jung Ho Yeon သည် ဆိုရှယ်မီဒီယာတွင် သူမတင်သော ကြော်ငြာ တစ်ပိုစ့်ဆီတိုင်း အတွက် မြန်မာငွေ သိန်း900 နီးပါးခန့် ရရှိနေတာ ဖြစ်ပါတယ်နော်။

ဒီတစ်ပတ်ထဲတွင် Jung Ho Yeon မှာ စပွန်ဆာပို့စ် နှစ်ခု ရှိခဲ့တာကြောင့် မြန်မာငွေ သိန်း 1800 နီးပါးခန့် ရရှိနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

စီးရီးရဲ့မျက်နှာဖုံး မင်းသား Lee Byung Hun ကတော့ ပို့စ်တစ်ခုလျှင် မြန်မာငွေ သိန်း40အထိ ရရှိနေတာဖြစ်ပါတယ်။

ဝင်ငွေအကောင်းဆုံး ထိပ်တန်း လေးယောက်ထဲမှာတော့ Ji Youon (Lee Ye Mi) နဲ့ Heo Sung Tae (Jang Deok Su) တို့လည်း ပါဝင်ခဲ့ပြီး သူတို့ဟာ သူတို့ရဲ့ Instagram ပို့စ်တွေအတွက် ဒေါ်လာ ထောင်ချီရနေသူတွေ ဖြစ်ပါတယ်။

ဒါဟာ ဆိုရှယ်မီဒီယာ တစ်ခုတည်းမှသာ ရရှိတဲ့ သူတို့ရဲ့ ဝင်ငွေများသာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *