ပိုင်တံခွန် လွတ်မြောက်လာပြီ ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

ပိုင်တံခွန် လွတ်မြောက်လာပြီ ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇွန်လ (၃၀) ရက်နေ့ မှာတော့ မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်တွေ

ကနေ အကျဉ်းသား (၂၀၀၀) ကျော်ခန့်ကို လွှတ်ပေးမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဖမ်းဆီးခံ ထားရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေက ထောင်ပေါက် ဝအရှေ့မှာ မနက်က တည်းက သွားစောင့်နေကြတာ ဖြစ်ပါတယ်။

မနေ့ ညနေပိုင်းမှာတော့ မြစ်ကြီးနား ထားဝယ် လားရှိုးတို့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဖမ်းဆီးခံ ပြည်သူ တစ်ချို့ လွတ်မြောက်လာ ခဲ့ပြီ ဖြစ်ပါတယ်။

လွတ်မြောက်လာမယ့် ပြည်သူ တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ အနုပညာရှင် တွေလည်း ပါဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားလုံးက စောင့် စားနေကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လူမှုကွန်ယက် စာမျက်နှာတွေ ထက်မှာတော့ သရုပ်ဆောင် ပိုင်တံခွန် လွတ်မြောက် လာပြီဆိုပြီး သတင်း အမှားေ တွ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

၎င်း သတင်းနဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့ မိသားစုဝင် တစ်ဦးက ပြန်လည် ဖြေရှင်းထား တာလည်း တွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့ မိသား စုဝင်တစ်ဦးက “ အပိုင်ကြီးကို ရေးတင်နေ ကြတာ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ကြလို့လား ?

မိသားစု ထက်တောင် ပိုသိနေကြတာနော် စိတ်တို နေရတဲ့အထဲ ဘုမသိ ဘမသိနဲ့ အာမချောင် ကြပါနဲ့ တောင်းပန်ပါတယ်”

ဆိုပြီး သတင်း အမှားတွေ မဖြန့်ကြဖို့ ပြောထားတာပဲ ဖြစ်ပါတယ် ။

အစ်မဖြစ်သူ ရဲ့ရေး သားပြောပြချ က်အရ သရုပ် ဆောင် ပိုင်တံခွန်က အခု ချိန်အထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေက ဆက်လက် စောင့်မျှော် နေရဆဲ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ ပရိတ်သတ်တွေကလည်း ပိုင်တံခွန် အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆုတောင်း နေကြတာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *