ပိုက်ဆံ လုံးဝမယူပဲ အရက်အကောင်းစားတွေချည်း ရွေးခိုးသွားတဲ့ သစ္စာရှင်သူခိုးနှစ်ယောက် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပိုက်ဆံ လုံးဝမယူပဲ အရက်အကောင်းစားတွေချည်း ရွေးခိုးသွားတဲ့ သစ္စာရှင်သူခိုးနှစ်ယောက်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ အမေရိကန်နိုင်ငံ ကာရိုလိုင်းနားတောင်ဖက် လက်ဆင်တန် ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖောက်ထွင်းမှုတစ်ခု ဖြစ်ခဲ့ပြီး ပြည်နယ် ရဲတပ်ဖွဲ့ အလုပ်ရှုပ်သွားခဲ့ရပါတယ်။

လက်ဆင်တန် ပြည်နယ်ထဲက အရက်ပုလင်းတွေချည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ခဲရာ ခဲဆစ် ဖောက်ထွင်းသွားခဲ့တာဖြစ်ပြီး အရောင်းကောင် တာ ထဲမှာ ပိုက်ဆံတွေရှိနေပေမယ့် အဲဒါတွေကို လက်ဖျားနဲ့တောင် ထိမသွားခဲ့ကြပါဘူး။

လက်ဆင်တန် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သူခိုးနှစ်ယောက်ရဲ့ ရည်ရွယ်ချက်က အရက် ပုလင်းတွေကလွဲပြီး ဘာမှ မရှိခဲ့ပါဘူး။

မျက်နှာဖုံး စွပ်ထားတဲ့ လူနှစ်ယောက်က GMC ပစ်ကပ်ကားတစ်စီးနဲ့ ဆိုင်အနီးကို ရောက်လာခဲ့ပြီး ကားကိုနောက်ပြန်မောင်းကာ ဆိုင်တံခါးကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

တံခါးပွင့်သွားတဲ့အချိန်မှာတော့ ဆိုင်ထဲမှာ ရှိတဲ့ အရက် ပုလင်းတွေကို အမြန်ဆုံး ရွေးချယ် ယူငင်ခဲ့ကြပြီး သူတို့ရဲ့ ကားပေါ် ပစ်တင်လို့ ရဲတွေ ရောက်မလာခင်အချိန်မှာ ပြန်လည် ထွက်ပြေး သွားခဲ့ကြတာပါ။

အဲဒီအချိန်မှာ အရောင်းကောင်တာရဲ့ အနောက်ဖက်ဆီမှာ ရောင်းရငွေတွေ ရှိနေသေးပေမယ့်လည်း သူခိုးတွေကတော့ သူတို့လိုချင်တဲ့ အရက်ပုလင်းတွေကိုသာ အမြန်ရှာ ဖွေနေခဲ့ပြီး လိုချင်တာတစ်ခု ရှာတွေ့တိုင်း ကားပေါ်က အိတ်ထဲကို သွားပြီး ပစ်ထည့်နေခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေ ပြီးဆုံးသွားတဲ့ နောက်မှာတော့ သူုခိုးတွေက အကောင်းစား အရက် ပုလင်းတွေကိုသာ ရွေးချယ်ခိုးယူ သွားခဲ့ကြတာဖြစ်ပြီး သူတို့ယူသွားတဲ့ အရက်ပုလင်းတွေက ပေါင် ထောင်နဲ့ချီပြီး တန်ဖိုးရှိနေပါတယ်။

ဆိုရှယ် မီဒီယာပေါ်မှာတော့ ဒီဖြစ်ရပ်ဟာ နာမည်ကြီးနေခဲ့ပြီး ပိုက်ဆံထက် အရက် ပုလင်းကိုမက်တဲ့ သူခိုးတွေက တကယ့်ကို သစ္စာရှင် သူခိုးတွေဖြစ်တယ်လို့ အားလုံးက ဟာသလုပ်နေခဲ့ကြပါတော့တယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း သူခိုးတွေအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *