ပိုက်ဆံနဲ့ နာမည်ကြီးဖို့ထက် ကုသိုလ် ဖြစ်ရေးကိုသာ ပို လိုချင်ပါတယ်လို့ ပြောလာခဲ့တဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ

ပိုက်ဆံနဲ့ နာမည်ကြီးဖို့ထက် ကုသိုလ် ဖြစ်ရေးကိုသာ ပို လိုချင်ပါတယ်လို့ ပြောလာခဲ့တဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ

မင်္ဂလာပါ ချစ် ပရိသတ်ကြီးရေ သရုပ်ဆောင် မင်း သမီး ခိုင်နှင်းဝေက ခုလက်ရှိမှာ အနုပညာ အလုပ်တွေထက် လူသား အကျိုးပြု ပရဟိတ လုပ် ငန်းတွေကိုသာ တစိုက် မတ်မတ်နဲ့ လုပ်ဆောင် နေတာပဲဖြစ်ပါတယ်။

ခိုးကိုးရာမဲ့ လူမမယ် ကလေးငယ်တွေ အတွက်လည်း ဂေဟာလေး တည်ဆောက်ပြီး မိခင် အရင်းသဖွယ် စောင့်ရှောက် ပေးနေခဲ့ပါတယ်။

လူမမယ် ကလေး သူငယ်တွေ အတွက်လည်း အားကြိုး မာန်တက် ဆောင်ရွက်နေသလို အကူညီ လိုအပ်နေတဲ့ သူတွေအတွက်လည်း နေ့စဉ် နေ့တိုင်းလိုလို လိုအပ်နေတဲ့ ကူညီမှုတွေကို လုပ်ဆောင် နေခဲ့ပါသေးတယ်။

သဘာဝ ဘေး အန္တရာယ်တွေကြောင့် ပျက်စီးမှုတွေ ကြုံတွေ့တဲ့ အခါမှာလည်း ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး တွေအတွက်လည်း အ ချိန်သင့် အခါသင့် လှူဒါန်း ပေးနေခဲ့ပါ သေးတယ်။

အခုလို လူသား အကျိုးပြု လုပ်ငန်းတွေကို ပြန်လည် ရယူလိုခြင်း မျှော်လင့်ချက်မရှိဘဲ စိတ်ရင်း စေတနာ အမှန်နဲ့ ကူညီနေတာကြောင့် ပရိတ်သတ်တွေကလည်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေကို ချီးကျူးနေခဲ့ ရပါသေးတယ်။

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေကလည်း သူ အခုလို အလှူ လူသား အကျိုးပြု ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင် တဲ့နေရာမှာ

“ ပိုက်ဆံနဲ့ နာမည်ကြီးဖို့ထက် ကုသိုလ် ဖြစ်ရေးကိုသာ ပိုလိုချင်ပါတယ် ”

ဆိုပြီး ကုသိုလ်ရဖို့ တစ်ခုတည်းသာ မျှော်လင့်ကြောင့် သူရဲ့ စိတ်ထားလေးကို လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသား ဖော်ပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီး အားလုံးလည်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကိုတော့ တကယ်ကို သာဓု ခေါ်ဆိုပြီး ရင်းကို သာဓုခေါ်နေရတဲ့ စိတ်ထားလေးပါပဲဗျာ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *