ပိုက်ဆံချေးထား ပြီး ဆပ်မယ့်သူကပြန်မဆပ်ပဲ တိုင်ချင်တဲ့နေရာတိုင်ဆိုပြီး ပြောလာရင်ဒီစာဖတ်ပြီး ရဲရဲသာ တောင်းလိုက်ပါ

ပိုက်ဆံချေးထား ပြီး ဆပ်မယ့်သူကပြန်မဆပ်ပဲ တိုင်ချင်တဲ့နေရာတိုင်ဆိုပြီး ပြောလာရင်ဒီစာဖတ်ပြီး ရဲရဲသာ တောင်းလိုက်ပါ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခင်မင်လို့ပဲ ဖြစ်ဖြစ် တခြားသော အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ပိုက်ဆံ ချေးထားမိတဲ့ သူများအတွက် သိထားသင့်တာလေးတွေ ကိုယ်ချင်းစာလို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပိုက်ဆံချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခင်ဗျားတို့ ငွေတိုးချေးစားထားတာ ကျုပ်တို့တိုင်လိုက်ရင်ထောင်ထဲ (၅) နှစ်ရောက်သွားမယ်။

စသည်ဖြင့် ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူက စလိုက်တယ်တော့မသိပါဘူး။ ဒီစကားလေးက ငွေချေးပြီး ပြန်မဆပ်ချင်သူတွေရဲ့ လက်သုံးစကား လက် နက် ကြီး တစ်ခုလိုဖြစ်လို့နေပါပြီ။

ဒီတော့ ငွေရှင်ဆိုတာလည်းလည်း အတိုးလေးရလို့ ချေးမိတာပါ။ အခုပြန်တောင်းတော့ တချိန်က မျက်နှာငယ်လေးနဲ့ ကိုယ့်ဆီက ငွေ ချေးခဲ့တဲ့ သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို မျိုးတွေနဲ့ ကြုံတွေနေကြပါတယ်။

ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် (၅) နှစ် ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီး သောက အပူတွေပဲဖြစ်ပါတယ်။

အတိုးပါရင် ထောင် (၅) နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေ မှာ မရှိဘူးလားတော့ အဲ့ဥပဒေက တကယ် ရှိပါတယ်။ ဒါပေမယ့် ဒါကို ခုတုံးလုပ်ပီး ငွေချေးသူ တွေက ခြိမ်းခြောက်နေတာ တွေ့ရတော့ ကိုယ့်ဆီမှာ ရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူး ဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေ ကို တွေ့ရလို့ ဒီစာလေးရေးရခြင်းဖြစ်ပါတယ်။

ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါ နဲ့။ မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေ ရဲ့ အတိုးသာ မရရင်နေပါမယ်။

အရင်းကတော့သေချာပေါက် ပြန်ရပါတယ်။ ထောင် (၅) နှစ်ချလို့ရတယ်ဆိုတာက မိမိသည်ငွေတိုး ချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေ ကို ကူညီသည့်အနေဖြင့် တခါတရံ ငွေချေးပေးတဲ့သူတော့ မပါဝင်ပါ။

ဒါကြောင့် ငွေချေးပေးထားတာ ရှိရင် ရဲရဲသာ တောင်းကြပါ မကြောက်ကြပါနဲ့။ အနည်း ဆုံးအတိုးမရရင်တောင် အရင်းတော့ ပြန်ရအောင်တောင်းလို့ရတာမို့ စေတနာအပြည့် နဲ့တင်ပေးလိုက်ပါတယ်။

အခုလို ဝင်ရောက် ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျန်းမာ ပျော်ရွှင်တဲ့ နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *