ပါဆယ်ထုပ်လေးတွေကိုသာ မျှော်နေကြတဲ့ ထောင်ထဲက ကလေးတွေအတွက် ဖွယ်ဖွယ် ရာရာ ချက်ပြုတ်ပြီး ပို့ပေးခဲ့တဲ့ စေတနာရှင်တစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပါဆယ်ထုပ်လေးတွေကိုသာ မျှော်နေကြတဲ့ ထောင်ထဲက ကလေးတွေအတွက် ဖွယ်ဖွယ် ရာရာ ချက်ပြုတ်ပြီး ပို့ပေးခဲ့တဲ့ စေတနာရှင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ပြည်သူတွေကတော့ ဒီကာလမှာ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်း ကူညီနေကြတာဖြစ်ပြီး အချင်းချင်း အပြန်အလှန် ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေရတာ ဖြစ်ပါတယ် ။

လူထု လှုပ်ရှားမှု ပြုလုပ်နေတဲ့သူတွေ အစွမ်းကုန်ကြိုးစားပေးနေသလို အနောက်ကနေ ပံ့ပိုးကူညီပေးနေတဲ့ သူတွေကလည်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင် ပြည်သူတစ်ဦးက ထောင်ထဲက ကလေးတွေစားဖို့အတွက် ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင် အမျိုးသမီးက ကလေးတွေကို စားချင်စေတဲ့စေတနာနဲ့ ဖွယ်ဖွယ် ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ ကလေးတွေအတွက် ငံပြာရည်ကြော်၊ ငါးပိကြော်၊ အခြောက်အခြမ်းကြော်၊လက်ဖက်နှပ်နဲ့ နှစ်ပြန်ကြော်တွေအပြင် ဆေးဝါးနဲ့ လစဉ်သုံးပစ္စည်းတွေပါ ထည့်ပေးခဲ့တာ ဖြစ်ပါတယ် ။

သူမအနေနဲ့ ထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကလေးတွေကို အိမ်ချက်လက်ရာလေးတွေ စားစေချင်တာကြောင့် အခုလို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အစားအသောက်တွေ ပို့ပေးခဲ့တဲ့အပြင် ကလေးတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက်လည်း စာလေးတွေပါရေးသားပြီး ထည့်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။

ကလေးတွေကလည်း သူမရေးထားတဲ့စာတွေကို ဖတ်ပြတဲ့သူတစ်ဆင့် ကြားသိရပြီး ငိုတဲ့သူက ငိုကြသလို သဘောကျလို့ ရယ်တဲ့သူကလည်း ရယ်ကြတယ်လို့ ပြောပြထားတာ ဖြစ်ပါတယ်။

ကလေးတွေက အပြင်ကလူတွေကို သူတို့ အဆင်ပြေပါတယ်လို့ပြောပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဆယ်ထုပ်လေးတွေကို မျှော်နေကြတာပဲ ဖြစ်ပါတယ် ။

စေတနာရှင် အမျိုးသမီးရဲ့အလှူကို ပြည်သူတွေကလည်း ချီးကျူးကြတဲ့အပြင် လိုအပ်တာတွေပါ ဝိုင်း ဝန်းလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။ ပရိတ်သတ်ကြီးအားလုံးလည်း စေတနာရှင် အမျိုးသမီးအပေါ် နှစ်သက် သဘောကြမယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *