ပရိတ်သတ်တွေ သတိမထားမိတဲ့ အကယ်ဒမီ လွင်မိုးရဲ့ ဘဝသမိုင်းကြောင်းနဲ့ အခု လက်ရှိ လွင်မိုး ဘာတွေ လုပ်နေသလဲ

ပရိတ်သတ်တွေ သတိမထားမိတဲ့ အကယ်ဒမီ လွင်မိုးရဲ့ ဘဝသမိုင်းကြောင်းနဲ့ အခု လက်ရှိ လွင်မိုး ဘာတွေ လုပ်နေသလဲ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လွင်မိုးက ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွား လာခဲ့ပါတယ်။

မွေးရပ် ဇာတိက တင်္နသာရီ တိုင်းဒေသကြီး မြိတ်မြို့ပဲ ဖြစ်ပါတယ်။

မိဘတွေက အဖ ဦးမြင့်လွင်နဲ့ အမိ ‌ဒေါ်လေးရှင်တို့ပဲ ဖြစ်ပါတယ်။

အမည်ရင်းက မောင်မိုးလွင်ဖြစ်ပြီး ဒါရိုက်တာ မောင်သီရဲ့ ညီတော်စပ်သူလည်း ဖြစ်ပါတယ်၊၊

အဘိုး ဖြစ်သူက Punjab (india) မျိုးရိုး ဖြစ်ပါတယ်။

အနုပညာ လောကထဲကို ဝင်ရောက် လာချိန်မှာတော့ အမည်ရင်းကို ပြောင်းပြန် လှည့်ကာ လွင်မိုးဆိုတဲ့ အမည်နဲ့ ဝင်ရောက်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဒါရိုက်တာ မောင်နီလွင် (သပြု) ရိုက်ကူးတဲ့ ကြွေနေပြီ ဇာတ်ကားနဲ့ အနုပညာ လောကထဲကို စတင် ဝင်ရောက် လာခဲ့ပါတယ်။

တစ်နှစ်အကြာ ၁၉၉၁ ခုနှစ်မှာတော့ ခိုင်မာလာ နှင်းဆီဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးခဲ့ပြီး လွင်မိုးဆိုတဲ့ နာမည်တစ်ခု အနုပညာ လောကထဲမှာ အခိုင် အမာ ရရှိလာခဲ့ပါတယ်။

အနုပညာ လောကထဲမှာ ရှစ်နှစ်ကြာ ကြင်လည်ပြီးတဲ့ နောက် ၁၉၉၉ ခုနှစ်မှာတော့ ရင်ထဲက ဆောင်းရာသီဆိုတဲ့ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုရရှိလာခဲ့ပါတယ်။

အဲ့ဒီ့နောက် ၂၀၀၁ ခုနှစ်မှာ ပန်းတစ်ပွင့် ဖန်ဆင်းခြင်းနဲ့ ဆက်တိုက် ဆိုသလို ၂၀၀၄ ခုနှစ်မှာ တစ်ခါက ဧရာ ဝတီ ညများဆိုတဲ့ ရုပ်ရှင်စကားတွေနဲ့

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုတွေကို ထပ်မံ ဆွတ်ခူးပြီး ထပ်ဆင့်အကယ်ဒမီ လွင်မိုး ဆိုပြီး ဖြစ်လာ ခဲ့ပါတော့တယ်။

မှတ်မှတ် ရရ လွင်မိုး ခရီးသွားနေသည်ဆိုတဲ့ တီဗွီ အစီအစဉ်ဟာလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗွီရှေ့မှာ စောင့်ကြည့်ခဲ့ရတဲ့ အစီအစဉ် တစ်ခုပါပဲ။

ချင်းပြည်နယ် နတ်မတောင် မြိတ်ကျွန်းစုဒေသ ဧရာ ဝတီလင်းပိုင်းတွေအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက် ကူးပြီး MRTV-4 ကနေ ထုတ်လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့အချိန်တုန်းက ဒီနေ့လို ခရီးသွား Blogger တွေလည်း မပေါများသေးပါဘူး။

သူ့ရဲ့ နောက်ထပ် ဝါသနာ တစ်ခုကတော့ ဓာတ်ပုံ ရိုက်ခြင်းပါပဲ။

မြန်မာပြည် အနှံသွားရောက် ရိုက်ကူးပြီး အခြား ဓာတ်ပုံပညာရှင်တွေနဲ့ အတူ ဓာတ်ပုံ ပြပွဲတွေလည်း ပြုလုပ်ခဲ့ ပါသေးတယ်။

ဓာတ်ပုံ ရိုက်တာအပြင် ကဗျာရေးခြင်း သီချင်းဆိုခြင်း ဘိလိယက် ထိုးခြင်းနဲ့ ဂေါက်ရိုက်ခြင်းတွေကို အားလပ်ချိန်တွေမှာ ပြုလုပ်လေ့ ရှိတယ်လို့သိရပါတယ်။

အိမ်ထောင်ရေး အနေနဲ့ ရုပ်သံ သတင်းကြေညာသူ မမေသူနဲ့ လက်ထပ်ခဲ့ပြီး ယွန်းဝတီလွင်မိုးနဲ့ ယုဝတီလွင်မိုးလို့ အမည်ရတဲ့ သမီး နှစ်ယောက် ထွန်းကားလာခဲ့ပါတယ်။

သမီးဖြစ်သူ ယွန်းဝတီလွင်မိုး ဟာဆိုရင်လည်း ဖခင်နည်းတူ အနုပညာ အလုပ်တွေကို လုပ်ကိုင်လျှက် ရှိပါတယ်။

သူဟာ အခုချိန်မှာတော့ စကစကို ထောက်ခံ အားပေးသူ တယောက်ဖြစ်ပြီး ပရိတ်သတ်တွေ အနေနဲ့ သူ့ကို

သတိမထားမိစေရန် သူ့ရဲ့ တရားဝင် ဖေ့ဘွတ် အကောင့်ကို lock ချထားပြီး မသိမသာ ချောင်ခိုနေခဲ့တာ ပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း သရုပ်ဆောင် လွင်မိုးရဲ့ ငယ်ဘဝက ဇာတ်ကြောင်းလေးတွေ သိပြီး ကျေနပ်ကြမယ် ထင်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *