ပရိတ်သတ်တွေ မသိသေးတဲ့အကြောင်း ပြောပြလာခဲ့တဲ့ ဒါရိုက်တာ စိုးကျော်ဆန်း

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ပရိတ်သတ်တွေ မသိသေးတဲ့အကြောင်း ပြောပြလာခဲ့တဲ့ ဒါရိုက်တာ စိုးကျော်ဆန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်ကနေ ရဲရဲ ဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူတို့ ဇနီးမောင်နှံကို ပုဒ်မ (၅၀၅) ကနဲ့ ဝရမ်းထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အကျဉ်းသား (၂၀၀၀) ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ အူဝဲတို့ ဇနီးမောင်နှံ မပါလာတဲ့အပေါ် သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ ပြည်သူတွေ အား လုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးကလည်း ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

အခုလည်း ဒါရိုက်တာ စိုးကျော်ဆန်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့အကြောင်းကို သတိတရ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

ဦးတီနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒါရိုက် တာစိုးကျော်ဆန်းက ဦးတီရဲ့စိတ်သ ဘောထားကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ဦးတီက သူတစ်ပါး အပေါ်မှာ စာနာ နားလည်မှု ပေးနိုင်သူဖြစ်ကြောင်း သူ့ရဲ့ မိသားစုအပေါ်မှာ တန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ကြောင်း အနာဂတ်ရဲ့ မျိုး ဆက်သစ်တွေကို ပံ့ပိုးပေးနေသူ ဖြစ်ကြောင်း စသည် ဖြင့် ပြောပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုစိုးကျော်ဆန်းက အိန္ဒြာကျော်ဇင်ကိုလည်း သူ့ရဲ့ ညီမလေး တစ်ယောက်လို ခင်မင်ရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

အနုပညာ လောကထဲမှာ အတူလှုပ်ရှား ရုန်းကန်ကြရင်းနဲ့ တစ်မအေတည်းမွေးတဲ့ မောင်နှမအရင်းတွေလို လက် သည်းဆိတ်ရင် လက်ထိပ် နာတတ်နေပြီဖြစ်တာကြောင့် အူဝဲတို့ ဇနီးမောင်နှံကို အမြန်ဆုံး လွတ် မြောက်စေချင်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ်။

“အချိန်တွေကြာလာတော့ ဘယ်တော့ ပြန်လွတ် မြောက်လာမလဲ မျှော်ရင်းမျှော်ရင်း ရင်ဘတ်တွေနာလာတယ်။

သူ့ မေမေဖြစ်တဲ့ အန်တီမာရဲ့ ရင်ထဲ သမီးလေးရဲ့ ရင်ထဲက မေးခွန်းတွေ သားကလေးရဲ့ နုနယ်လွန်းတဲ့ အတွေးတွေကို ကျွန်တော်ဆက်မစဉ်းစားရဲဘူး” ဆိုပြီး ရင်ဖွင့်လာတဲ့ ဒါရိုက်တာ စိုးကျော်ဆန်းက အူဝဲတို့ လွတ်ဖို့အတွက်သာ ဆုတောင်းပေးနေရတာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *