ပရိတ်သတ်တွေ ကြားချင်နေကြတဲ့ အရာလေးတွေကို အစ်မဖြစ်သူကနေ တစ်ဆင့် စကား လက်ဆောင်ပါးလိုက်တဲ့ ပိုင်တံခွန်

ပရိတ်သတ်တွေ ကြားချင်နေကြတဲ့ အရာလေးတွေကို အစ်မဖြစ်သူကနေ တစ်ဆင့် စကား လက်ဆောင်ပါးလိုက်တဲ့ ပိုင်တံခွန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပိုင်တံခွန်က ဒီ အ ရေးတော် ပုံကြီး စတင်ထဲက အားကြိုး မာန်တတ်နဲ့ လမ်းပေါ်ထွက်ပြီး ရဲရဲ ရင့်ရင့် ဆန္ဒ ထုတ်ဖော်ခဲ့သူ

တစ်ယောက် ဖြစ်သလို ပြည်သူ တွေကိုလည်းရှေ့ကနေ ကာကွယ် စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ် ခဲ့ပါသေးတယ်။

ဒါ့အပြင် သူရဲ့ များပြားလှတဲ့ Follower တွေကို အ သုံးချပြီး မြန်မာနိုင်ငံမှာ နေ့စဉ် ဖြစ်ပျက် သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးခဲ့တာလည်း ဖြစ်ပါတယ်။

တံခွန်က အောင်မြင် ကျော်ကြားမှုတွေကို ဘေး ချိတ်ထားပြီး လူငယ် ပီပီ တိုင်းပြည် အရေးကို တက်တက် ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီလို စိတ်ရော ကိုယ်ပါ နှစ်ပြီး နွေဦး တော် လှန်ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆိုရင် ပုဒ်မ (၅၀၅) က နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်း ဖြစ်ပါတယ်။

သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက ဒီနေ့ အထိ ပိုင်တံခွန် ပြန်လည် လွန်မြောက်လာမယ့် ရက်ကို လက်ချိုးရည်ပြီး စောင့်ဆိုင်း နေကြတာပါ။

ဒီနေ့မှာတော့ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူက သူရဲ့ အကောင့်ကနေပြီး ပိုင်တံခွန် ပြောကြားလိုက်တဲ့ စကား

လေးတွေကို ခုလို တစ်ဆင့် ရေးသား ဖော်ပြလာပါတယ်။

“ နေကောင်း ကျန်းမာကြောင်း အသိပေးရင်း ” ပရိတ်သတ်တွေကိုလည်း လွမ်းနေပါပြီ” တဲ့ အမှာစကား ပါး လိုက်ပါတယ်ဗျာ… ”

ဆိုတဲ့ စာလေးကို ရေးဖွဲ့ ထားရာ ပရိတ်သတ်ကြီး အားလုံးလည်း ကြည့်ရှု နိုင်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *