ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိလာခဲ့လို့ ရင်ထဲ အတိုင်းမသိ ဝမ်းသာခဲ့ကြောင်း ပြောလာခဲ့တဲ့ ကျော်ကျော်နန္ဒ

ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိလာခဲ့လို့ ရင်ထဲ အတိုင်းမသိ ဝမ်းသာခဲ့ကြောင်း ပြောလာခဲ့တဲ့ ကျော်ကျော်နန္ဒ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံတွင် ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှု့ များတွင် ပြည်သူတွေနဲ့ အနုပညာရှင် တစ်ချို့လည်း လမ်းပေါ် ထွက်ပြီး ဆန္ဒ ထုတ်ဖော် ခဲ့ကြတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။

အခု လက်ရှိ မှာတော့ လူထု လှုပ်ရှားမှု့တွင် ပါဝင် ကြသူများကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို အရေးယူ ထားတာကြောင့် ဘေးကင်း ရာသို့ တိမ်းရှောင် နေကြရတာပဲ ဖြစ်ပါတယ်။

တိမ်းရှောင်နေရ သူများထဲတွင် ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်က ရပ်တည်ခဲ့တဲ့ ကျော်ကျော်နန္ဒ တစ်ယောက်လည်း အပါ အဝင်ပဲ ဖြစ်ပါတယ်။

ပြေးလာခဲ့တဲ့ အချိန်မှာ အင်္ကျီ သုံးထည်သာ ပါလာခဲ့ ကြောင်း သူ့ရဲ့လူမှု့ ကွန်ယက် စာမျက်နှာမှတဆင့် ရေးသား ခဲ့တာကြောင့် ပရိတ်သတ် တွေက ကျော်ကျော်နန္ဒ အပေါ် ကရုဏာသက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အရင်တုန်းက ကျော်ကျော်နန္ဒ ရဲ့ ဝတ်စား ဆင်ယင်ပုံစံ တွေကို သဘောမ ကျကြသူ တွေ ရှိတာကြောင့် အမြဲလိုလို ဝေဖန်ခံ ခဲ့ရသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

သို့သော်လည်း ဖေဖော်ဝါရီလ မှ စပြီးပြည်သူတွေ နဲ့ အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ သူ ဖြစ်ခဲ့တာကြောင့် အားလုံးက ချစ်ခင်အားပေး လာကြတာပဲ ဖြစ်ပါတယ်။

အခုလို ပရိတ်သတ်တွေရဲ့ မေတ္တာ စေတနာ တွေကြောင့် သူ့ရဲ့ ဘဝလေး နွေးထွေး အေးချမ်း ပျော်ရွှင်မှု့တွေ ရရှိလာ ကြောင်းကို မကြာသေးခင် မိနစ် ပိုင်းလောက်က ကျော်ကျော်နန္ဒရဲ့ လူမှု့ ကွန်ယက်တွင် ရေးသား ထားတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ မေတ္တာ စေတနာကြောင့် ကျွန်တော် ဘဝလေး နွေးထွေး အေးချမ်းပျော်ရွင်မှု့ တွေရလာပါတယ်။ အားလုံး ဘေးကင်းကျန်းမာ ကြပါစေနော် ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ပို့စ် အောက်မှာလည်း ကျန်းမာရေး ဂရုစိုက်ဖို့ ပရိတ်သတ်တွေက အထူး မှာကြားနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

တိမ်းရှောင်နေစဉ် ကာလ အတွင်းမှာလည်း ဘေး အန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို ပြန်လည် တင်ဆက် ပေးလိုက် ရပါတယ်နော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *