ပရိတ်သတ်တွေကို အကူညီ တောင်းခံလာခဲ့တဲ့ သရုပ်ဆောင် ပြေတီဦးရဲ့ အမဖြစ်သူ ငွေတီဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပရိတ်သတ်တွေကို အကူညီ တောင်းခံလာခဲ့တဲ့ သရုပ် ဆောင် ပြေတီဦးရဲ့ အမဖြစ်သူ ငွေတီဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ငွေတီဦးက လွန်ခဲ့ အပတ် Aug14 ရက်နေ့က ဆေးရုံမှာ ကိုဉာဏ် ဖုန်း အခိုးခံလိုက်ရပါတယ်။

ဒီအချိန် လူတိုင်း စိတ်ညစ်စရာများနေတဲ့ ကာလမှာ ကိုယ့်စိတ် ညစ်စရာကို လူသိအောင် မပြောချင်ပါဘူးလေ ဆိုပြီး မပြောဖြစ်ခဲ့တာပါ။

အကို့အတွက် NurseAid အသစ်လဲမယ်ဆိုပြီး လုပ်တာ ရောက်လာတဲ့ တစ်ယောက်က နောက်နေ့မှ စဆင်းမယ်ပြောပြီးအပြန်မှာ ကိုဉာဏ့်ဖုန်းကို ယူသွားတယ်။

စိတ်မကောင်း ဖြစ်ရုံကလွဲပီး ဘာမှ မတတ်နိုင်တဲ့ အနေအထားပါဆိုပြီးတော့ ဝမ်းနည်းစွာ ပြောပြလာပါတယ်။

နောက်ပြီးတော့လဲ ဖုန်းက Anniversary တုန်းက ကိုယ်ကသူ့ကို လက်ဆောင်ပေးခဲ့တဲ့ ဖုန်းမို့ နုမျောမိတယ်။

တကယ်လို့များ အဟောင်းဈေးနဲ့ ရောင်းမယ်ဆို ပြန်ဝယ်ချင်ပါတယ် ဘယ်သူ့မှလဲ မတိုင်ပါဘူး။

Contact တွေ Data တွေ နှမြောလို့ပါ ငါ့မောင်ရေ၊ ပြောချင်တာလဲ မယုံမှာစိုးလို့ မပြောဖြစ်ခဲ့ပါဘူး။

မင်းပြောခဲ့တဲ့ တိုင်းရင်းသားဆန်တဲ့ နာမည်လဲ အမ ဒီထဲ ထည့်မရေးသလို မင်းဖုန်း နံပါတ်လဲ မပြော ထားပါဘူးဆိုပြီးတော့ အကူအညီ တောင်းလာပြန်ပါတယ်။

နောက်ဆုံးတော့ မရောင်း ရသေးရင်ဖြစ်ဖြစ် စိတ် ဝင်စားရင် ဆက်သွယ်ပါ၊ နေမကောင်းဖြစ် ရောဂါခံစားနေရတဲ့ သူ့ဖုန်းလေး ပြန်ဝယ်ပေးချင်လို့ပါ။

ဘာမှ မလုပ်ဘူးလို့ ကတိလဲ ပေးတယ်။ တကယ်လဲ လုပ်နိုင်တဲ့ အင်အားလဲ မရှိပါဘူး။ ဒီအတောအတွင်း ကိုဉာဏ့်ဖုန်းကို ဆက်လို့မရတဲ့ မိတ်ဆွေတွေကိုအထူး တောင်းပန်ပါတယ်။

ဖုန်းယူသွားတဲ့ တစ်ယောက်ပဲဖြစ်ဖြစ် သူ့ဆီက ပြန်ဝယ်မိတဲ့သူပဲဖြစ်ဖြစ် ဒီ Post ကို တွေ့ပါစေဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ဖော်ပြလာပါတယ်။

ပရိတ်သတ်တွေ အတွက် ဒီသတင်းလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေး ဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *