ပရဟိတ မိခင်ကြီး ဒေါ်သန်းမြင့်အောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလာခဲတဲ့ Rဇာနည်

ပရဟိတ မိခင်ကြီး ဒေါ်သန်းမြင့်အောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလာခဲတဲ့ Rဇာနည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တာဆိုရင်တော့ ၉ လကျော် ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

အာဏာသိမ်းတာကို လက်မခံခဲ့တဲ့မြန်မာပြည်သူတွေနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ နယ်ပယ် အသီး သီးက ပုဂ္ဂိုလ်တွေအားလုံးဟာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့် ပြည်သူတွေနဲ့ အနုပညာရှင်အချို့ဟာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

အာဏာစတင်သိမ်းခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းတည်းကနိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ စာရေးဆရာတွေနဲ့

ထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရတဲ့အထဲတွင်စာရေး ဆရာမကြီး ဒေါ်သန်းမြင့်အောင်လဲ အပါ အဝင်ဖြစ်ပါတယ်။

အဆိုတော် R ဇာနည်ကတော့ ဆရာမကြီး ဒေါ်သန်းမြင့်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပုံလေးတစ်ပုံနှင့်အတူ တောင်းဆိုလိုက်ပါတယ်။

ဆရာမကြီး ဒေါ်သန်းမြင့်အောင်ကတော့ ရင်ဖုံးအင်္ကျီအဖြူနှင့်အနက်ရောင်ထမီကို အမြဲတစေဝတ်ဆင်တတ်ပြီး သူမသည် ပရဟိတလုပ်ငန်းများကိုသာ အ ချိန်ပြည့်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နေတဲ့အချိန်တိုင်း အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားနေပြီး ပီတီကြောင့် အမြဲတက်ကြွလန်း ဆန်း‌နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ တည်ထောင်သူတစ်ယောက်ဖြစ်ပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်လဲ ဖြစ်ပါတယ်။

ဒေါ်သန်းမြင့်အောင်သည် လူမှုကူညီရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်းရန်ကုန်မြို့တောစည် ပင်သာ ယာရေး ကော်မတီဝင်လဲ ဖြစ်ပါတယ်။

ဒေါ်သန်းမြင့်အောင်သည် လူမှုကူညီရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုမီကပင် အကူ အညီလိုအပ်သူများအား တတ်စွမ်းသရွေ့ အကူအညီပေးခဲ့သူဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ခံထားရတဲ့ဆရာမကြီး ဒေါ်သန်းမြင့်အောင်ကတော့ ယခင်ကထည်းက ကျန်းမာရေးမကောင်းသူဖြစ်ပြီးတော့

လက်ရှိမှာတော့ ဆီးချိုရောဂါကြောင့် မျက်စိထိခိုက်ပြီးနားတဖက် မကြားရတော့ဖူးလို့ သူမရဲ့သမီးဖြစ်သူ ပြောကြားထားတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါကြောင့် အဆိုတော် R ဇာနည်က ဆရာမကြီးအမြန်ဆုံးလွတ်မြောက်စေဖို့ ဓာတ်ပုံလေးနဲ့အတူ ‌တောင်းဆိုလိုက်ပါတယ်။

ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပဲ ခံစားရတယ်ဆိုပေမယ့် အတိတ်ကံအကြွေးတွေကြောင့် ပရဟိတမိခင်ကြီး‌ ဒေါ်သန်းမြင့်အောင်ဟာ ထောင်ထဲမှာ

ရောဂါကြောင့် မျက်စိထိခိုက်ပြီး နားတဖက်မကြားရတော့တဲ့ သတင်းကိုကြားသိရတာကြောင့်အလွန်စိတ်မကောင်းဖြစ်မိပါတယ်။

ဆရာမကြီးရဲ့ မိသားစုတွေနဲ့ ပြည်သူတွေကလဲ ဆရာမကြီးရဲ့ကျန်းမာရေးကိုအရမ်းစိတ်ပူနေကြပါတယ်။

ဆရာမကြီး ဒေါ်သန်းမြင့်အောင် အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပရိတ်သတ်တွေအတွက် ဒီသတင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *