ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့ ဂေဟာမှာ ငွေကျပ် သိန်း (၆၀) နဲ့အတူ အခြားလိုအပ်တဲ့ အရာများကို လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့ ဂေဟာမှာ ငွေကျပ် သိန်း (၆၀) နဲ့အတူ အခြားလိုအပ်တဲ့ အရာများကို လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေဒီကနေ့မှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော် ကျော်ထက်အောင်ဟာ စကားပြောစွမ်းရည် အလွန်ကောင်းပြီး ချိုသာတဲ့ အပြုံးတွေနဲ့ ပရိတ်သတ်တွေ ရင်ထဲရောက်ရှိခဲတဲ့ အစီစဉ် တင်ဆက်သူတစ်ယောက် ဆိုလည်းမမှားပါဘူး။

အစီစဉ် တင်ဆက်သူအဖြစ် အနုပညာ လမ်း ကြောင်းထဲ စတင်ဝင်ရောက်လာခဲ့ပြီး ခုဆို ရုပ်ရှင် ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးခဲ့ပြီး အနုပညာ လမ်းကို ဆက်လက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

ပင်ကိုယ်က အပြုံး ချိုချိုလေးကို ပိုင်ဆိုင်ထားပြီး ရယ်လိုက်တဲ့ အခါ ပေါ်လာတဲ့ ပါး ချိုင့်တွေက နှုတ်ခမ်းနီ မလေးတွေရဲ့ အ သည်းကို လှုပ်ခပ်စေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ခု လတ်တလောမှာလည်း လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖြူဖြူကျော်သိန်းနဲ့ အတူ (romantic) ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံတွေကြောင့်လည်း ပရိတ်သတ်အားလုံး အသည်းယားပြီး ဝင်းရံတာကို ခံနေရသူ တစ်ယောက်ပဲဖြစ်ပါတယ်။

အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အရပ် အ မောင်းကလည်း ပြောစရာ မရှိလောက်အောင် မိုက်နေတော့ မိန်းကလေးပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ် ဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။

မကြာမကြာမှာလည်း ပွဲတွေ တက်လိုက် အလှဓာတ်ပုံတွေကို စတိုင် ကျကျ ရိုက်ကူးနေပြီး တစ်ခါ တစ်ရံမှာ အလှူတမ်းတွေ လုပ်ကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။

ခုအခါမှာလည်း အလှူအတမ်း လုပ်ထားတဲ့ ပုံလေး တွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်မှာ အလှူ အတမ်းလေးနဲ့ ကောင်းမှု ကုသိုလ်တွေ လူပ်နေတဲ့ အ ကြောင်းကို

Magical World (Real Estate) Company ကိုယ်စား (၂၀၂၁) နှစ်သစ် အလှူကို ပရဟိမင်းသမီးချောလေး ခိုင်နှင်းဝေ ရဲ့ ပရဟိတ ဂေဟာ မှာ လှူတန်းဘာခဲ့တဲ့ အ မှတ်တရ ပုံရိပ်ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး ပီတိနဲ့ လှူဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ရေး သား ဖော်ပြ လာခဲ့တာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ယခုလုပ်ခဲ့တဲ့ ကု သိုလ်ကို သရုပ်ဆောင် ကျော်ထက်အောင်နဲ့ အတူ သာဓုခေါ်ပေးကြပါဦးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *