ပ ထ မ ဦး ဆုံး အ ကြိမ် မီး ဖွား စ ရိတ် လှူ ဒါန်းခဲ့တာကြောင့် အတိုင်း မသိ ဝမ်းသာ ပီတိဖြစ်နေတဲ့ မော်ဒယ် သရုပ်ဆောင် ဆောင်းယွန်းစံ

ပထမဦးဆုံး အကြိမ် မီးဖွားစရိတ် လှူဒါန်းခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်နေတဲ့ မော်ဒယ် သရုပ်ဆောင် ဆောင်းယွန်းစံ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဆောင်းယွန်းစံက သရုပ်ဆောင် မော်ဒယ် မင်းသမီးချောလေး တစ်ယောက်ဖြစ်သလို ဗီဒီယို ဇာတ်ကားတွေ တော်တော် များများ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

(၂၀၁၈) ခုနှစ် အကယ်ဒမီ ပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာကနေ ပရိတ်သတ်တွေ ပိုသတိထားမိပြီး အားပေး ဝန်းရံ သူတွေများပြား လာခဲ့တာပဲဖြစ်ပါတယ်။

ထို့အပြင် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံတတ်သူလေးမို့ ပရိတ်သတ်တွေ အချစ်ပိုနေရတာ လည်းဖြစ်ပါတယ်။

အလှူ အတန်းတွေ ဆိုရင်လည်း ရှေ့ဆုံးကနေ ပါဝင်တတ်တဲ့ ဆောင်းယွန်းက ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေမှာလည်း တတ်နိုင်တဲ့ ဘက်ကနေ

ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏ ဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့ အတူ ရပ်တည်နေတာလည်း ပရိတ်သတ်တွေ မြင်တွေ့ကြရမှာပါ။

အခုလည်း သူငယ်ချင်းနဲ့ စုပေါင်းပြီး မီးဖွားရန် အ တွက် စရိတ် လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးကို အလှူငွေ နှစ်သိန်း လှူဒါန်းဖြစ်ခဲ့ကြောင်း မျှဝေလာခဲ့ပါတယ်။

အလှူလေးနဲ့ ပတ်သက်ပြီး ဒီညလေးအတွက် အရမ်းကို ပီတိဖစ်လို့ တင်ပါရစေ..

လူ့လောကထဲကို ရောက်လာတော့မယ့် သမီးလေးအတွက် မီးဖွားစရိတ်လေး လှူဒါန်းဖစ်ခဲ့တယ်..

ဆောင်းနဲ့ May Chit Thway တစ်ယောက် တသိန်းစုပြီး လှူလိုက်တာပါ..

အများကြီး မဟုတ်ပေမယ့် နိုင်သလောက်အလှူလေးပါ..

ဘဝမှာ မီးဖွားစရိတ်လှုဘူးတာ ဒါပထမဆုံး အကြိမ်မို့ အရမ်းပျော်တယ်..

သမီးလေးကိုလဲ အရမ်းတွေ့ချင်နေပါပြီ..

ဆောင်းသမီးပေါ့နော် ဆောင်းသမီးလေးအတွက် ကျန်းမာဆုတောင်းစကားလေးတွေပြောပေးဦးနော်” လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသားလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဆောင်းရဲ့အလှူလေးကို သာဓုခေါ် ပေးကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *