ပထမဆုံး ရင်သွေးလေး မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရလို့ ဖြေဆည်မနိုင် ဖြစ်နေကြရတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ

ပထမဆုံး ရင်သွေးလေး မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရလို့ ဖြေဆည်မနိုင် ဖြစ်နေကြရတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ တစ်ချိန်က ဗီဒီယိုခေတ်မှာ အောင်မြင်ခဲ့တဲ့ မင်းသားချော ဘုန်းလျှံက ထောင်က ထွက်လာပြီး နောက်ပိုင်း ကိုယ်ကိုကိုယ် အကောင်းဆုံး ပြင်ဆင်ပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းလျှံက ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့ တရားဝင် လက်ထပ်ခဲ့ပြီး ချစ်ခြင်းမေတ္တာတွေ ဝေဖြာကာ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ခဲ့တာ ပဲဖြစ်ပါတယ်။

မကြာသေးမီက သရုပ်ဆောင် ဘုန်းလျှံက ချစ်ဇနီးမှာ ပထမဦးဆုံး ရင်သွေးလေး ရှိနေပြီဆိုတဲ့အကြောင်း ဝမ်းသာစွာ ဖွင့်ဟ ပြောပြလာခဲ့လို့ ပရိတ်သတ်တွေက ဘုန်းလျှံတို့ အတွက် ကြည်နူး ဝမ်းသာ ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ ကြတာကိုလည်း တွေ့မြင်ခဲ့ ရပါတယ်။

သို့ပေမယ့် ကံမကောင်းစွာနဲ့ ပထမဦးဆုံး ရင်သွေးလေး မိခင်ဗိုက်ထဲမှာပဲ ပျက်ကျသွားတဲ့ အကြောင်း ဘုန်းလျှံက ဝမ်းနည်းစွာ အခုလို ပြောပြလာခဲ့ ပါတယ်။ ဘုန်းလျှံက” ကလေးရဖို့ကံ မပါသေးလို့ပဲ မှတ်လိုက်ပါမယ်။

အချိန်တန်ရင် ကိုယ်တွေနဲ့ ကံပါတဲ့ ခလေးလာမှာပါ မိန်းမရယ်။ လောလောဆယ် တနှစ်လောက်မိန်းမ အားရှိအောင် နေကောင်းအောင်ပဲ နေပါ။ ယောကျာ်း ခလေး အရမ်း လိုချင်ပေမဲ့ မိန်းမဘေးနားမှာ ကျန်းကျန်း မာမာ ပျော်ပျော်ရွှင်ရွှင် ရှိဖို့က ပိုအရေးကြီးဆုံးပါ။

တခြားဟာတွေ မရှိလို့ ရတယ် မိန်းမ မရှိလို့ မဖြစ်ဘူးနော်။ I love u so much my wife” ဆိုပြီးရင်သွေးလေး အတွက် ဝမ်းနည်း စို့နင့် နေတဲ့ကြားကနေ ဇနီးဖြစ်သူ စိတ်သက်သာ ရကာ ဖြေသာအောင် နှစ်သိမ့် ပေးလာတာကို တွေ့မြင်ရပါတယ်။

ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်တွေကလည်း ရင်နင့်အောင် ခံစားနေကြရရှာတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံ အတွက် အားဖြည့်စကားလေးများ ပြောကြားပေး ခဲ့ကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *