ပညာမတတ်တဲ့ သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား

ပညာမတတ်တဲ့ သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရ ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ပညာသင်ကြားသည့် အရွယ် ကျောင်းသား/ကျောင်းသူ များမှာ ပညာ သင်ကြားရန်လိုပြီး ပညာမတတ်သည့်

သူတွေနှင့် တိုင်းပြည် တည်ဆောက်လို့မရဟု အာ ဏာသိမ်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင် က ပြောကြား လိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည့် နိုင်ငံတော်

စီမံအုပ်ချုပ်ရေး ကောင်စီအစည်း အဝေးတွင် အာ ဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အသက် မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးနှင့် တိုင်း ပြည်အတွက် အနာဂတ် ကောင်းများပေါ်ထွက်လာနိုင်ရန်အတွက် ပညာသင်ကြားသည့်

အရွယ် ကျောင်းသား/ ကျောင်း သူများအနေဖြင့်ပညာကိုမဖြစ်မနေသင်ကြားရန်လိုပြီး မိမိအနေဖြင့်လည်း ပညာရေးဝန်ကြီး ဌာနကိုကြပ်မတ် ပြောဆိုလျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောဆိုထားသည်။

“ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကိုပဲ စိတ် ဝင်စားဖို့လိုပါတယ်။

ပညာ သင်ကြားဖို့တာဝန် ရှိပါတယ်။ စာတွေ တတ်အောင် သင်ဖို့လည်း ပညာရေးဝန်ကြီးဌာနကိုလည်း ကျွန် တော်ကြပ်မတ်ပြီးတော့ ပြောဆိုလျက်ရှိပါတယ်။

တိုင်းပြည်ပညာရေး မြှင့်တင်ပေးနိုင်ပြီ ဆိုရင် တိုင် းပြည်ရဲ့အနာဂတ်ကောင်းနိုင်မယ့်အနေအထား ရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။

ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာဖြစ်ပါ တယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရပါဘူး” အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင် လှိုင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အခြေခံပညာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ် ခဲ့သော်လည်း အ ကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက် ရောက်သူ နည်းပါးခဲ့ပြီး

နိုဝင်ဘာ ၈ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း အခြေခံ ပညာသင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၀ သန်းကျော်ရှိသည့် အနက်လက်ရှိကျောင်းတက်

ရောက်နေသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်သာ ရှိကြောင်းသိရှိရပါသည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *