ပစိဖိတ်သမုဒ္ဒရာအတွင်း သဘောင်္ပေါ်က ပြုတ်ကျခဲ့ပေမယ့် အမှိုက်ပုံမှာ (၁၄) နာရီကြာတွယ်ကပ်ပြီး အသက်ရှင်ခဲ့တဲ့ သဘောၤသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ပစိဖိတ်သမုဒ္ဒရာအတွင်း သဘောင်္ပေါ်က ပြုတ်ကျခဲ့ပေမယ့် အမှိုက်ပုံမှာ (၁၄) နာရီကြာတွယ်ကပ်ပြီး အသက်ရှင်ခဲ့တဲ့ သဘောၤသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ သဘောင်္သား တစ်ဦးဟာ သဘောင်္ပေါ်က ပြုတ်ကျပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်း (၁၄) နာရီကြာ တစ်ဦးတည်းရုန်းကန်ခဲ့ရပြီး ပင်လယ်တွင်းမျောပါနေတဲ့ အမှိုက်တွေကို တွယ်ကပ်ကာ အသက်ရှင်သန်ခဲ့တယ်လို့ သားဖြစ်သူက ပြောဆိုခဲ့ကြောင်း BBC သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

Vidam Perevertilov ဟာ ရေထဲမှာ ၁၄ နာရီကြာနေထိုင်ခဲ့ရပြီး အသက်ကယ်အကျီတောင် ဝတ်ဆင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

အသက် (၅၂) နှစ်အရွယ် သဘောင်္သားကြီးဟာ ကီလိုမီတာအကွာအဝေးတော်တော်များများမှာ မြင်တွေ့ရတဲ့ အနက်ရောင်အစက်အပြောင်ဆီကို ရေကူးကာသွားရောက်ခဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူမြင်တွေ့ခဲ့ရတာကတော့ ငါးဖမ်းလှေတစ်စီးဖြစ်နိုင်တယ်လို့ ယူဆပြီး ကူးခတ်ကာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

“အဖေ့ကို ပြန်တွေ့ရတာ အသက် (၂၀) လောက် ပိုပြီးတော့ ကြီးရင့်သွားသလိုပါပဲ၊ အရမ်းလည်းပင်ပန်းနေခဲ့ပါတယ်၊ ဒါပေမယ့် သူ အသက်ရှင်ခဲ့ပါတယ်” လို့ သားဖြစ်သူ Marat က နယူးဇီလန်သတင်းဌာန Stuff ကို ပြောဆိုခဲ့ပါတယ်။

Perevertilov ဟာ Silver Supporter ရဲ့ အင် ဂျင်နီယာချုပ်ဖြစ်တယ်လို့ သိရပြီး နယူးဇီလန် Tauranga ဆိပ်ကမ်းနဲ့  ဗြိတိန်ပိုင် Pitcairn ကျွန်းစုကြား ထောက်ပံ့ရေးလမ်း ကြောင်းအဖြစ် သွားနေခဲ့တာဖြစ်ပါတယ်။

သဘောင်္အင်ဂျင်ခန်းအတွင်း အပြောင်း အလဲတစ်ခုဖြစ်ခဲ့ပြီးနောက် သူဟာ ပူပြင်းခြင်း၊ မူးဝေခြင်းတွေကို ခံစားခဲ့ရတယ်လို့ သိရပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် လေးနာရီခန့်လောက်မှာ ကုန်းပတ်ပေါ်တက်ခဲ့တယ်လို့သိရပြီး အဲဒီနောက်မှာ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူ Marat ကလည်း သူ့ဖခင်ရဲ့အဖြစ်အပျက်ကို မက်ဆေ့ချ်တွေကနေတဆင့် သိရှိခဲ့တာဖြစ်ပြီး စသိသိခြင်းမှာ သတိ လစ်သလိုဖြစ်ခဲ့ရပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

သဘောင်္ကတော့ အင်ဂျင်နီယာချုပ်ပြုတ်ကျခဲ့တာကိုမသိဘဲ ရှေ့ဆက်သွားခဲ့ပြီး Perevertilov ဟာ နေဝင်ချိန်အထိ ရေပေါ်မှာဆက်ရှိနေနိုင်ဖို့ ကြိုးစားခဲ့ရပြီး မိုးကုတ်စက် ဝိုင်းအနီးမှာ အစက်အပြောက်တစ်ခုကိုတွေ့ခဲ့ရကာ အဲဒီနေရာကို သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“လှေတစီး ဒါမှမဟုတ် ကျောက် ဆောင်တစ်ခုခုဖြစ်မယ်ထင်ခဲ့တာ၊ ပင်လယ်အမှိုက်ပုံဖြစ်နေပါတယ်” လို့ သားဖြစ်သူက ပြောဆိုခဲ့ပါတယ်။

ခြောက်နာရီခန့်အကြာမှာမှ သဘောင်္သားတွေဟာ အင်ဂျင်နီယာချုပ်ပျောက်ဆုံးနေကြောင်းသိရပြီး သဘောင်္ကို ပြန်လှည့်ခဲ့ရပါတယ်။

သဘောင်္မာလိန်မှူးတွေဟာ အင်ဂျင်နီယာချုပ်ရဲ့ မှတ်တမ်းသွင်းထားမှုတွေကို ကြည့်ခဲ့ပြီးနောက် သူတည်ရှိမယ့်နေရာကို ခန့်မှန်းခဲ့ပြီး နောက်ဆုံးရှိခဲ့တဲ့အချိန်က မနက်လေးနာ ရီဆိုတာကို သိခဲ့ရပြီး အဆိုပါအချိန်က သဘောင်္ကိုသြဒိနိတ်တွေက ပြင်သစ်ပေါ်လီနီးရှားကျွန်းစုတောင်ဘက် ရေမိုင် (၄၀၀) အ ကွာကို ညွှန်ပြနေခဲ့ပါတယ်။

ဘေးအန္တရာယ်ကျရောက်တဲ့သတင်းကိုလည်း ရေဒီယိုလှိုင်းတွေကတဆင့် ထုတ်လွှင့်ခဲ့ကာ ပြင်သစ်ရေတပ်ဖွဲ့လေယာဉ်ကလည်း တဟေတီကနေ လာရောက်ကာ ပူးပေါင်းရှာဖွေပေးခဲ့ပြီး ပြင်သစ်မိုးလေဝသသတင်းဌာနကလည်း လေတိုက်နှုန်းကို တွက်ချက်ကာလေ့လာပေးခဲ့ပါတယ်။

အဆုံးမှာတော့ Perevertilov ဟာ သူ့သဘောင်္ကို ပြန်တွေ့ခဲ့ပြီး အားကုန်အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။ သဘောင်္ပေါ်ပါသူတစ်ဦးကလည်း တိုးညင်းတဲ့ လူအော်သံတစ်ခုကို ကြားခဲ့ရတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ဒီနောက်မှာ ဝိုင်း ဝန်းရှာဖွေခဲ့ပြီးနောက် သူ့ကို ဘေးလွတ်ရာကို ဆွဲယူကာ ကယ်တင်နိုင်ခဲ့ပါတယ်။

“သူက အသက်ရှင်သန်ဖို့ ကြိးမားတဲ့ ဆန္ဒရှိနေခဲ့ပါတယ်၊ ကျွန်တော်သာဆိုရင် ချက်ချင်းပဲရေထဲနစ်ပြီး အဝေးကိုရောက်သွားမှာပါ၊ ဒါပေမယ့် သူက အမြဲတမ်း သူ့ကိုယ်သူကျန်း မာနေအောင် ပြင်ဆင်နေခဲ့ပြီး ဒီအချက်ကပဲ သူ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်ထင်ပါတယ်” လို့ သားဖြစ်သူ Marat က ပြောဆိုခဲ့ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *