နှိုင်းယှဉ်လို့မရတဲ့အမေစုကို အတုမခိုးသလိုဆံပင်နဲ့အဝတ်အစားကြောင့် အမေစုနဲ့ ဆင်သွားတာပါဆိုတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

နှိုင်းယှဉ်လို့မရတဲ့ အမေစုကို အတုမခိုးသလို ဆံပင်နဲ့ အဝတ်အစားကြောင့် အမေစုနဲ့ ဆင်သွားတာပါဆိုတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ခုလတ်တလော လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်စားနေတဲ့ အမေစုပုံစံနဲ့ ဆန္ဒပြခဲ့တဲ့ မြနှင်းရည်လွင်ကတော့ နှိုင်းယှဉ်လို့မရတဲ့ အမေစုကို အတုမခိုးသလို ဆံပင်နဲ့ အဝတ် အစားကြောင့် အမေစုနဲ့ ဆင်သွားတာပါလို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖေဖော် ဝါရီလ (၁၄) ရက်နေ့က ရေးသားလာခဲ့ ပါတယ် ။

ထူးခြားအောင် ဝတ်ဆင်ပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဆန္ဒဖော်ထုတ်နေရတာကြောင့် အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုထားပါတယ် ။

“ နိူင်းယှဉ်လို့ ဘယ်လိုမှမရတဲ့ အမေစုကို ကျွန်မအတု မခိုးသလို ဆံပင်ပုံအဝတ်အစားကြောင့် ဆင်သွားတာမျိုးပဲ ရှိပါတယ် ။ ဒါကြောင့် လည်း အခုလိုထူးခြားအောင် ဝတ်ဆင်တာပါ ။

အဲ့ဒီတော့ ထိရောက် တဲ့နည်းတွေ စဉ်းစားပြီး ကျွန်မတို့တွေ ဆန္ဒဖော်ထုတ်နေရတဲ့အတွက် အမှားပါခဲ့ရင်လည်း သည်းခံ ခွင့်လွှတ် ပေးစေချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ရှင် ”လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထား တာပါ ။

မြနှင်းရည်လွင်ကတော့ လူထုဆန္ဒပြပွဲဘ (၈) ရက်မြောက်နေ့မှာ အာဏာရှင်စနစ်ကို လက် မခံကြောင်း ပြည်သူတွေနဲ့အတူ ပါဝင်ဆန္ဒပြ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ် ။

မြနှင်းရည်လွင်ရဲ့ မြန်မာဆန်ဆန်နဲ့ ဆန္ဒထုတ် ဖော်ခဲ့တဲ့ ပုံတွေကတော့ ပရိသတ်တွေ၊ ဆန္ဒပြည်သူ တွေကြားထဲမှာတော့ အတော်လေး နာမည်ကြီး လူကြိုက်များ သွားခဲ့ပါတယ် ။ crd ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *