နှစ်သစ်ရဲ့ အစမှာဖွင့်လှစ်ခဲ့တဲ့ (၂၃)ကြိမ်မြောက်အောင်ဘာလေထီဆု ကိုစွတ်ခူးလာခဲ့တဲ့ မန္တလေးမြို့မှ စိတ်ဝေဒနာရှင်တစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ပါ)

နှစ်သစ်ရဲ့ အစမှာဖွင့်လှစ်ခဲ့တဲ့ (၂၃)ကြိမ်မြောက်အောင်ဘာလေထီဆု ကိုစွတ်ခူးလာခဲ့တဲ့ မန္တလေးမြို့မှ စိတ်ဝေဒနာရှင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ (၂၀၂၁) ခုနှစ် နှစ်သစ် ကူးနေ့ ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့တဲ့ (၂၃) ကြိမ်မြောက် အောင် ဘာလေ ထီဖွင့်ပွဲတွင် မန္တလေးမြို့မှ စိတ်ဝေဒနာရှင် တစ်ယောက်ဖြစ်တဲ့ ကျပ် သိန်း (၅၀၀) ဆု ပေါက်ခဲ့ကြောင်း သိရပါတယ်။

ကျပ် သိန်း (၅၀၀) ဆု ပေါက်ခဲ့တဲ့ စိတ်ဝေဒနာရှင်မှာ အရူး ဝေလင်းထွန်းဟု ခေါ်ဆိုကြပြီး မန္တလေးမြို့ရှိ လမ်းမများပေါ် လမ်းတကာ လျှောက်သွားနေသူ တစ်ယောက်လို့လည်း သိရပါတယ်။

ကျပ် သိန်း (၅၀၀) ဆု ပေါက်ခဲ့တဲ့ စိတ်ဝေဒနာရှင်မှာ လမ်းမများပေါ်မှာ မီးသွေးခဲဖြင့် စာများ ရေးလေ့ရှိကာ ခင်မင် ရင်းနှီးသူ များထံမှ မုန့်ဖိုးတောင့်လေ့ ရှိပြီး သိကျွမ်းသူများက မုန့်ဖိုး၊ လက်ဖက်ရည်ဖိုး ပေးပြီး အမှိုက် ပစ်ခိုင်းကြရာမှ ရရှိခဲ့တဲ့ ငွေကြေးလေးဖြင့် ထီထိုးခဲ့တာ ဖြစ်ပါတယ်။

သူဟာ ချမ်းအေး သာစံမြို့နယ် (၃၃) လမ်းနှင့် (၈၄) လမ်းထောင့်ရှိ အောင်သပြေ ထီဆိုင်မှ (၁၀) စောင်တွဲထိုးခဲ့ခြင်းဖြစ်ပြီး ၎င်း ထီမှ ကျပ် သိန်း (၅၀၀) ဆုပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ကျပ် သိန်း (၅၀၀) ပေါက်ခဲ့တဲ့ စိတ်ဝေဒနာရှင် ဦးဝေလင်းထွန်းနဲ့ ထပ်တူ ပျော်ရွှင်ကြမယ်လို့ ထင်မိပါတယ်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *