နှစ်ပေါင်း (၄၀၀၀) သက်တမ်းရှိတဲ့ ရွှေလည်ဆွဲတစ်ခုကို ရှာဖွေတွေ့ရှိလာခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

နှစ်ပေါင်း (၄၀၀၀) သက်တမ်းရှိတဲ့ ရွှေလည်ဆွဲတစ်ခုကို ရှာဖွေတွေ့ရှိလာခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ United Kingdom ရှိ Whitehaven မြို့မှာနေထိုင်တဲ့ အသက် (၅၄) နှစ်အရွယ် Billy Vaughan အမည်ရှိတဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့အား လပ်ချိန်တွေမှာ သတ္တုရှာဖွေစက်ကို အမြဲအသုံးပြုပြီး မြေမြှုပ်ထားတဲ့ သတ္တုတွေကို ရှာဖွေရတာ ဝါသနာပါသူတစ်ဦးဆိုလည်း မမှားပါဘူး။ Vaughan က သူ့ရဲ့မွေးရပ်မြေအနီးရှိ စိတ်ဝင်စားစရာကောင်းတဲ့ လှည့် ကွက်အချို့ကို ရှာဖွေရန်လည်း ကူညီပေးတက်ပါတယ်။

တစ်နေ့မှာ ဝေးလံခေါင်သီတဲ့ လယ်ကွင်းဆီသို့ လည်ပတ်ခဲ့တဲ့ Vaughan က အမှန်တ ကယ်ထူးခြားတဲ့ လက်ဝတ် တန်ဆာတစ်ခုကို ရှာဖွေတွေ့လာခဲ့ပါတယ်။ Vaughanက အစတော့ သူတွေ့ခဲ့တဲ့ ၎င်းအရာကို ဈေးပေါတဲ့ လက်ဝတ်ရတနာ (သို့) တောင်တက် ကိရိယာတွေရဲ့အပိုင်းအစတစ်ခုလို့ ထင်လာခဲ့ပါတယ်။

Vaughanက သူ့သူငယ်ချင်းတစ်ယောက်အား သူရဲ့တွေ့ရှိချက်ကို ဓာတ်ပုံရိုက်ပို့ပြီးနောက် သူက အံ့ဩစရာကောင်းတဲ့ သ တင်းကောင်း တစ်ခုရရှိခဲ့ပြီးနောက် သူ့ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး အလွန် အမင်း စိတ်လှုပ်ရှားလာခဲ့ရပါတယ်။

သူ့ရဲ့သူငယ်ချင်းက ၎င်းကို ရတနာဆိုင်သို့ ယူသွားပြီး အတည်ပြုကြည့်ရန် ပြောလာခဲ့ပါတယ်။ Vaughan ရဲ့ရှာဖွေတွေ့ရှိတဲ့အရာက (22) carat gold (11) oz ဖြစ်ကြောင်းကို ရတနာဆိုင်က အတည်ပြုခဲ့တဲ့အပြင် ခုလက် ရှိမှာတော့ ၎င်း ပစ္စည်းရဲ့တန်ဖိုးက ဒေါ်လာ (၁၄၀၀၀) လောက်အထိ ခန့်မှန်းထားခဲ့ပါတယ်။

Vaughanက နောက်ဆုံးမှာ ၎င်း ပစ္စည်းကို တရားဝင် ဘဏ္ဍာန်တန်ဖိုး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတဲ့ ဈေးနှုန်းဖြင့် ပြတိုက်သို့ ရောင်းချပေးရန် တရားဝင် တာ ဝန်ရှိပေမဲ့လည်း သူ့ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ယူခဲ့ကြောင်းပြောလာခဲ့ပါတယ်။

၎င်း လည်ဆွဲက အမှန်တကယ် နှစ်ပေါင်း (၄၀၀၀) သက်တမ်းရှိတဲ့ ရွှေတုံးကြီးဖြစ်ပြီး ကြေးခေတ်မှာ အသုံးပြုခဲ့ပါတယ်။ ၎င်း ခေတ်တုန်းက လူတွေက ၎င်း လည်ဆွဲကို ချမ်းသာကြွယ်ဝမှုနှင့် ချစ်မြတ်နိုးမှုကိုပြသရန် သူတို့ရဲ့ ချစ်သူကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *