နှစ်ပေါင်း (၂၀) အကြာမှ ပထမဆုံးအကြိမ် ရေကိုပြန်သောက်ခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

နှစ်ပေါင်း (၂၀) အကြာမှ ပထမဆုံးအကြိမ် ရေကိုပြန်သောက်ခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကျွန်တော်တို့ရဲ့ ကလေးဘဝတုန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေက နှစ်ပေါင်းများစွာ စိတ်ဒဏ်ရာ ရသွားစေနိုင်ပုံကို ကျွန်တော်တို့ အားလုံးသိပါတယ်။ ၎င်းက အမှန်ပါဘဲ။

နှစ်ပေါင်း (၂၀) အကြာရေမသောက်တဲ့ တောင်ကိုးရီးယားရှိ အမျိုးသားတစ်ဦးက ၎င်း ပုံပြင်နှင့် တူနေပါတယ်။ ၎င်းက သူ့ရဲ့ကလေးဘဝတုန်းက စိတ်ဒဏ်ရာကြောင့်ပါ။ ၎င်း အမျိုးသားက သူ့အသက် (၉) နှစ်အ ရွယ်မှာ မြေအောက်ရေကို မတော်တဆ သောက်ခဲ့မိတာကို ကိုးရီးယား Variety Show ဖြစ်တဲ့ Da Kuomin talk show မှာ မျှဝေလာခဲ့ပါတယ်။

မြေအောက်ရေရဲ့အနံ့ ပုပ်စပ်မှုက နှစ်ပေါင်းများစွာ သူ့ရဲ့နောက်သို့ လိုက်လာတဲ့ စိတ်ပိုင်းဆိုင်ရာအရိပ်ပုံစံကြောင့် သူက နောက်တဖန် ရေမသောက်နိုင်တော့ဘဲ အခြားအဖျော် ယ မကာများကိုသာ အားကိုးလာခဲ့ပါတယ်။လူအများက သူ့အား ဖျော်ရည်တွေသောက်ခြင်းက သေစေနိုင်တယ်လို့ စည်းရုံးသိမ်း သွင်းရန် ကြိုးစားခဲ့ပေမဲ့လည်း သူက ဂရုမစိုက်ခဲ့ပါဘူး။ သူက သေပါလေ့စေလို့ ပြန်ပြောလာခဲ့ပါတယ်။

တစ်ကြိမ်တုန်းက သူက ဝမ်းဗိုက်မှာ ပြင်း ထန်တဲ့ ဝေဒနာများခံစားခဲ့ရပြီး ဆရာဝန်များက ၎င်းက သောက်သုံးရေ မရတဲ့ကျောက် ကပ်ကြောင့် ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။ ဆီးကျောက်များအပြင် သူက အခြား ကျန်းမာရေး အခြေအနေများကြောင့် အ စာအိမ်အနာ အူသိမ်အူမ အဝလွန်ခြင်းနှင့် အ ခြားအရာများစွာကိုပါ ခံစားခဲ့ရပါတယ်။

ဆရာဝန်များက သူ့ကို ရေမသောက်ရင် သေနိုင်တယ်လို့ပြောခဲ့ပေမဲ့လည်း သူဟာ သူ့ကိုကူညီရန် ဘီယာများကိုသာ မှီခိုရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ နေ့စဉ်သောက်သုံးရေကို အစားထိုးရန် အရက်ကို အသုံးပြုခြင်းကြောင့်သူ့ရဲ့ ကိုယ်အလေးချိန်က (၆၀) ကီလိုဂရမ်အထိ မြင့်တက်လာခဲ့ပါတယ်။

၎င်း show မှ guest များက တစ်နေ့ကို လေးကြိမ်မှ ဆယ်ကြိမ်အထိ ဆီးသွားသင့်တာကြောင့် သူ့အား တစ်ရက်ကို ဘယ်နှကြိမ်ဆီးသွားကြောင်းကို မေးမြန်းတော့ သူ့ရဲ့အဖြေက လူတိုင်းကို ထိတ်လန့်လာစေခဲ့ပါတယ်။ သူက တစ်ရက်မှတစ်ကြိမ်ပဲလို့ ပြန်ဖြေလာခဲ့ပါတယ်။

show အပြီးမှာ ဒိုင်များက သူ့ရှေ့မှာ ခွက် (၃) ခွက်ကို ချပေးခဲ့ပြီး ပထမဆုံး သံပုရာရည်ပါတဲ့ ရေခွက်ကို သူကသောက်ပြီး ချက်ချင်းထွေးထုတ်ခဲ့ပြီး burdock လက် ဖက်ရည်ပါတဲ့ ဒုတိယတစ်ခွက်ကိုတော့ ငုံကြည့်ပြီး မြိုချခဲ့ပေမဲ့ သူက မကြိုက်တဲ့ မျက်နှာအနေအထားရှိနေခဲ့ပါတယ်။

နောက်ဆုံးခွက်မှာ ဒိုင်လူကြီးက အဲ့တာက ဖျော်ရည်ဘဲလို့ ဆိုတော့ သူက မော့သောက်ပစ်ခဲ့ပြီး အရသာက ဘာလို့ ရေလိုဖြစ်နေတာလဲလို့ မေးတော့ ဒိုင်ကအဲ့တာက ရေမို့ဘဲလို့ ဖြေခဲ့ပါတယ်။

ထို့နောက် ဒိုင်က သူ့အားရေမသောက်နိုင်ရင်တောင် တဖြည်းဖြည်းပေါ့ပါးလာစေတဲ့ burdock tea ကိုတော့ ရအောင်သောက်သင့်ပြီး ၎င်းက ဘီယာနှင့် ဖျော်ရည်တွေအစား ရေကိုပြန်သောက်နိုင်အောင် ကူ ညီပေးလိမ့်မယ်လို့ အကြံပေးပြောလာခဲ့ရပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အ မျိုးသားအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူး တင်ရှိလျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *