နှစ်ပေါင်း တော်တော်ကြာကြာ သက်တမ်းရှိတဲ့ဂူကို ဇိမ်ခံအိမ်အဖြစ်သို့ပြောင်းလဲလာခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

နှစ်ပေါင်း တော်တော်ကြာကြာ သက်တမ်းရှိတဲ့ဂူကို ဇိမ်ခံအိမ်အဖြစ်သို့ပြောင်းလဲလာခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ (United Kingdom) ရှိ အသက် (၃၇) နှစ် အရွယ် Angelo Mastropietro အမည်ရှိတဲ့ အ မျိုးသားတစ်ဦးက အသက် (၂၉) နှစ်အရွယ်လောက်က အာရုံကြော စနစ်ယိုယွင်းမှုကြောင့် ကိုယ်လက် လှုပ်ရှားမှု၊စကားပြောဆိုမှုစတဲ့ ခန္ဓာကိုယ်ကို ထိန်းမနိုင်ဖြစ်တဲ့ (MS) ရောဂါတစ်မျိုးကို ရှာဖွေတွေ့ရှိလာခဲ့ရပါတယ်။

Angelo ရဲ့ MS ရောဂါလက္ခဏာက စိတ်ဖိစီးမှုနှင့် ကျန်းမာရေးနှင့် မညီညွတ်တဲ့ လူနေမှုပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်။ Angeloက ရောဂါရှာဖွေတွေ့ရှိပြီးနောက် သူ့ခန္ဓာကိုယ်အား ငြိမ်သက်အေးချမ်းစွာ နေထိုင်နိုင်မဲ့ နေအိမ် အသစ်တစ်လုံးကို လိုချင်လာခဲ့ပါတယ်။

ထို့နောက် Angeloဟာ ဒေသခံ အိမ်ခြံမြေရောင်းဝယ်ရေး စာအုပ်မှာ ရောင်းရန်ရှိတဲ့ သက်တမ်း အနှစ် (၇၀၀) ရှိပြီဖြစ်တဲ့ ဂူတစ်ခုကိုတွေ့သွားခဲ့ပါတယ်။ Angelo က သူ့ကံ ကြမ္မာကို သိနေတဲ့အတွက်ကြောင့် ၎င်း ဂူကိုဝယ်ယူလိုပြီး ဇိမ်ခံအိမ် အဖြစ်သို့ပြောင်းလဲရန် ဆုံးဖြတ်လာခဲ့ပါတယ်။

Angeloက ၎င်း ဂူကို ဒေါ်လာ (၉၅,၀၀၀) ဝန်းကျင် ဖြင့်ပေးဝယ်ခဲ့ပြီး ပြန်လည်ပြုပြင်မှုအတွက် ဒေါ်လာ (၁၅၃,၀၀၀) ကျော် အထိသုံးစွဲလာခဲ့ပါတယ်။ Angeloက အိမ်ဆောက် စီမံကိန်းတစ်ခုလုံးနှင့် လက်တွဲခဲ့ပေမဲ့ သူကိုယ်တိုင်လည်း အရာအားလုံးကို ကူညီရန် အလိုရှိလာခဲ့ပါတယ်။

သိုပေမဲ့ ရောဂါမရှိသူ တစ်ဦးအနေနဲ့ ၎င်း အလုပ်မျိုးက ပြဿနာများစွာမရှိပေမဲ့ သူ့အတွက်က အလွန်ခက်ခဲပြီး အသက်အ န္တရာယ်ပါရှိနိုင်တာကြောင့် လူဌားပြီး ၎င်း ဂူကို ပြန်လည်ပြုပြင်လာခဲ့ရပါတယ်။

ထို့အပြင် Angeloက အခုရောဂါမဖြစ်ခင် သူ့ကို လေ ဖြတ်ထားပါသေးတယ်။ Angeloက ၎င်း ဂူအိမ်ကိုတည်ဆောက်စဉ် ကျောက်တုံး (၇၀) တန်လောက်ကို တူးဖော်လာခဲ့ပါတယ်။

Angeloက ၎င်း ဂူရဲ့အတွင်းပိုင်းကို တောက် ပစေရန် အဖြူရောင်ဆေးသုတ်ခြင်းကို အသုံးပြုခဲ့သလို ၎င်း ဂူဟာ ခေတ်သစ် လူနေမှုဘဝကို အကောင်းဆုံးဖြစ်စေပြီး ကျွန် တော်တို့ရဲ့ လူ့ အရင်းအမြစ်များသို့ ပြန်လည်ရောက်လာရှိစေပါတယ်။

Angelo က ကြမ်းအောက်မှာ အပူပေး စနစ်ကိုပါ တပ်ဆင်ထားပြီး ၎င်းက အအေးမိတဲ့ ဆောင်း တွင်း နံနက် ခင်းတွေအတွက် အသုံးဝင်ပါစေမှာပါ။

အိမ်တစ် အိမ်လုံးမှာ လျှပ်စစ်မီး ရေပေးဝေမှုနှင့် wi-fi လည်းပါရှိပါသေးတယ်။ သူ့ရဲ့အပန်းဖြေ အနားယူရာနေရာအတွက် အရာအားလုံးကို ပြည်စုံနေအောင် မံမွမ်းလာခဲ့ပါတယ်။

Angeloက သူ့အသက် (၃၇) နှစ်တာကာလအတွင်း ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါခံစားနေရပေမဲ့လည်း သူ့အိပ်မက်တွေကို အကောင် အထည်ဖော်နိုင်သေးတယ်ဆိုတာ သက် သေပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အ မျိုးသားအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *