နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေကို ကူငွေသွားရောက် လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် နန်းဆုရတီစိုး

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေကို ကူငွေသွားရောက် လှူဒါန်းခဲ့တဲ့ သ ရုပ်ဆောင် နန်းဆုရတီစိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သ ရုပ် ဆောင် နန်းဆုရတီစိုး က သူတို့ သူ ငယ်ချင်းတွေနဲ့ တခြား အလှူရှင်တွေ စုပေါင်း လှူဒါန်းတဲ့ နာရေး အတွက် ကူငွေ များကို ဒီနေ့ ကိုယ် တိုင်ကိုယ်ကျ သွား ရောက်ကာ ကူငွေပေး အပ် လာခဲ့ပါတယ် ။

အလှူ အားလုံးပေါင်း စုစု ပေါင်း (၁၀၅) သိန်း ရရှိပြီး ဒီနေ့မှာ လှည်ကူးက ညီညီအောင်ထက်နိုင်ရဲ့ နာရေး အတွက် (၁၁) သိန်း၊ တောင်ဒဂုံက ဟိန်းထွဋ်အောင်ရဲ့ နာရေးအ တွက် (၁၂) သိန်း ၊ လှိုင်သာယာက ဆရာမ ဒေါ် တင်နွဲ့ရီရဲ့ နာရေး အတွက် (၁၁) သိန်း ကို ကိုယ်တိုင် သွားရောက် ပေးအပ် အားပေးစကား ပြောခဲ့ပါတယ် ။

ဒါ့အပြင် ကျိုက်ထိုမြို့ မှ ဇင်လင်းထက်ရဲ့ နာရေး အတွက် (၁၅) သိန်း ကိုတော့ငွေလွှဲမှ တစ်ဆင့် ကူညီပေးအပ် ခဲ့ပါတယ် ။

နောက်ရက် တွေမှာ တခြားသူများကို ဆက်သွယ် ကူညီ ပေးအပ် သွားမယ်လို့ နန်းဆုရတီစိုးက ပြောပါတယ် ။ ပရိတ်သတ်ကြီးအားလုံးလည်း နန်းဆုရတီစိုးရဲ့ အလှူလေးကို သာဓု ခေါ် ပေးကြပါအုံးနော္ ။

Add a Comment

Your email address will not be published. Required fields are marked *