နေ့စဉ် အောက်ဆီဂျင်အိုး အလုံး (၄၀၀) အတွက် လှုဒါန်းပေးနေတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း

နေ့စဉ် အောက်ဆီဂျင်အိုး အလုံး (၄၀၀) အတွက် လှုဒါန်းပေးနေတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း

ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မအေးသောင်းလို့ ခေါ်တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ဟာဆိုရင် ပရိတ်သတ်တွေ ပျော်ရွှင်စေဖို့ အတည်ပေါက်နဲ့ စနောက်တတ်သလို တော် လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရှေ့တန်းမှ ပါဝင်ခဲ့ပြီး ရှောင် တိမ်းနေခဲ့ပြီးနောက် ပရိတ်သတ်ရှေ့မှ အတော်ကြာပျောက်ကွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။

သူမကိုယ်တိုင် ရှောင်တိမ်းရင်း အဆင်ပြေတဲ့နေရာမှာ အဆင် ပြေသလို နေနေရပေမဲ့ ပရိတ်သတ်တွေအတွက် လိုအပ်တာတွေကို အမြဲလှုဒါန်းပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတခါမှာတော့ ခုချိန်မှာ အလိုအပ်ဆုံး အရာဖြစ်တဲ့ အောက်ဆီဂျင်အတွက် နေ့စဉ်လှုဒါန်း ပေးသွားမယ်ဆိုတဲ့ အကြောင်းကိုခု လိုမျှဝေထားပါတယ်။

မအေးသောင်းက ”လှူခဲ့တဲ့အလှူလေးပါ အောက်စီဂျင်အိုး 400 အတွက်ပါရှင်။ ကာလဒါန အလှူလေးကို မျှဝေပါတယ်ရှင်။ကျန်းမာကြပါစေ” ဆိုပြီးတော့ သူမချစ်တဲ့ ပရိတ်သတ်တွေအ တွက် ပြန်လည်မျှဝေ ပေးထားပါတယ်။

အောက်ဆီဂျင်လိုအပ်သူ လူနာများအတွက် နေ့စဉ် အောက်ဆီဂျင်အိုး အလုံး (၄၀၀) အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်းရုံး၌ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင် အိုးသေး ( 10L / 15L / 20L ) အလုံး (၄၀၀) ကု သိုလ်ပြု လေဖြည့်ပေးသွားမယ်လို့ သိရပါတယ်။

နေ့စဉ် ဖြည့်သွင်းပေးသွားမည့် အချိန်မှာ မနက် (၇) နာရီတွင် အိုးအလုံးရေ (၂၀၀)ညနေ (၃) နာရီတွင် အိုးအလုံးရေ (၂၀၀) ကုသိုလ်ပြု ဖြည့်ပေးသွားမယ်လို့ သိရပါတယ်။

အောက်ဆီဂျင် တစ်နေ့တာအလှုရှင်မှာ သရုပ်ဆောင် အေးဝတ် ရည်သောင်း၏ ကောင်းမှုကုသိုလ် လေအလှုတော် ဖြစ်တယ်လို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်းရုံး၊ ဗားကရာကျောင်းတိုက်အတွင်း ၊ အမရပူရမြို့နယ် ၊ မန္တလေးမြို့ ဆိုပြီး မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဆိုပြီး ထုတ်ပြန်ကြေငြာပေးထားပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကတော့ 09440119119 09767119119 သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။ အရေးပေါ် အောက်ဆီဂျင် လိုအပ်နေသူများအတွက် သတင်းကောင်းလေးမို့ ပြန်လည်မျှဝေ ပေးလိုက်ကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *