နောက်နေ့ ကစပြီး အောက်ဆီဂျင်အိုးတွေ (၂၄) နာရီပတ်လုံး လာရောက် ဖြည့်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလာခဲ့တဲ့ စိန်ဖြိုးလှိုင်

နောက်နေ့ ကစပြီး အောက်ဆီဂျင်အိုးတွေ (၂၄) နာရီပတ်လုံး လာရောက် ဖြည့်နိုင်ပြီဖြစ်ကြောင်း သတင်း ကောင်း ပါးလာခဲ့တဲ့ စိန်ဖြိုးလှိုင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အနုပညာရှင် တစ်ယောက်အဖြစ် ဇာတ်ကားတွေ များ

စွာ ရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ့ မောင်လေး စိန်ဖြိုးလှိုင်က ဆရာဝန် တစ်ယောက် အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်။

ခုလို ကိုဗစ်ရောဂါတွေ ပြည်သူတွေ ခံစားနေရ အချိန်မှာလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ် ပေးလျက်ရှိပါတယ်။

အောက်ဆီဂျင်အိုးတွေ ဝယ်ယူ လှူဒါန်းပေးသလို ရောဂါနဲ့ ပတ်သက်ပြီး လိုက်နာ သင့်တာတွေကိုလည်း သေသေ ချာချာ ဗဟုသုတ အနေနဲ့ ဝေမျှပေးနေတာကို တွေ့ရပါတယ်။

အခုလည်း အစ်မဖြစ်သူ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ လှူဒါန်းထားတဲ့ အောက်ဆီဂျင်စက်တွေ တပ်ဆင်ပြီးပြီ

ဖြစ်လို့ နက်ဖန်ကစပြီး (၂၄) နာရီလုံး လုံးလာရောက် ဖြည့်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါတယ်။

ဒီတိုင်း လာဖြည့်လို့ မရကြောင်းနဲ့ Booking လေးတော့ ကြိုလုပ်ရမယ့် အကြောင်းကို ” ကိုဇေနဲ့ မလတ် တို့ရဲ့  ၂၄နာရီ အောက်ဆီဂျင်

အလှူ မနက်ဖြန် ၂၀ ၈ ၂၀၂၁ ညနေ ၃ နာရီကစပြီး အောက်ဆီဂျင်အိုးများ အခမဲ့ လာဖြည့်လို့ရပါပြီ။

ဒီတိုင်းတန်းပြီ လာဖြည့်လို့တော့ မရပါဘူး။

တန်းစီစရာမလိုအောင်နဲ့ Booking စနစ်နဲ့ ဖြည့်ပေးသွားမှာပါ Chat box လူနာရဲ့ အချက်အလက်နဲ့ အောက်ဆီဂျင်နံပါတ်နဲ့ကို ဓါတ်ပုံ ပို့ပေးပါ။

ဖြည့်ချင်တဲ့ နေ့ရက်နှင့် အိုးဆိုဒ် ကိုပြောပါ။

နာမည် နှင့်ဖုန်းနံပါတ် ကို ပေးပြီးရင် လာဖြည့်ရမယ့် နေရာလိပ်စာနဲ့ အချိန်တိကျ Booking ကိုရပါမယ်။

ချိန်းဆိုထားတဲ့ အချိန်အတိုင်း လာရောက်ပြီး Booking လုပ်ထားတဲ့ နာမည် ဖုန်းနံပါတ် ပြောကာ ဖြည့်ပြီး ယူသွားရုံပါပဲ။

စာရင်းမပေးထားသော သူ များအား ဖြည့်ပေးနိုင်မည် မဟုတ်ပါ။

လူနာတဦးလျှင် တစ်ရက်တစ်အိုးသာ ဖြည့်ပေးပါမည်။

” ရေးသား ဖော်ပြထားရာ ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *