နောက်ထပ် မိသားစုဝင် တစ်ဦး ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ကို ဝမ်းနည်းစွာ ဖွင့်ဟလာခဲ့တဲ့ မေတ္တာမြင့်မြတ်ဟိန်း

နောက်ထပ် မိသားစုဝင် တစ်ဦး ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ကို ဝမ်းနည်းစွာ ဖွင့်ဟလာခဲ့တဲ့ မေတ္တာမြင့်မြတ်ဟိန်း

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ဟာသ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကလည်း ဩဂုတ်လ (၂) ရက်နေ့က ကွယ်လွန် သွားခဲ့ပြီဖြစ်ပါတယ်။ ဦးမေတ္တာရဲ့ မိသားစုဝင်တွေနဲ့ ပရိတ်သတ်တွေက အခုထိ အရမ်း ဝမ်းနည်းနေကြဆဲ ပဲဖြစ်ပါတယ်။

ဦးမေတ္တာရဲ့ အနုပညာတွေကလည်း ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ထာဝရတည်ရှိနေမှာ ပဲဖြစ်ပါတယ်။

ဦးမေတ္တာရဲ့ သားလေး မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံပြီး အနုပညာ အလုပ်တွေလုပ်ကိုင် နေပြီဖြစ်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းကလည်း အဖေတူ သားဖြစ်ပြီး လူချစ် လူခင်ပေါများသူ တစ်ယောက်ဖြစ်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ကို ဆုံးရှုံးလိုက်ရတာ လပိုင်းပဲရှိသေးတာကြောင့် အမှတ်တရတွေကို ပြန်သတိရပြီး ဝမ်းနည်း ခံစားနေတာ ပဲဖြစ်ပါတယ်။

ဦးမေတ္တာလို ဟာသ လူရွှင်တော်ကောင်း တစ်ယောက်ကို ဆုံးရှုံလိုက်ရတဲ့ အပေါ် ပရိတ်သတ်တွေနဲ့ အနုပညာရှင်တွေကလည်း မိသားစုနဲ့ထပ်တူ ထပ်မျှ ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။

ဦးမေတ္တာ မရှိတော့တဲ့ နောက်မှာတော့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကပဲ မိခင်နဲ့ ညီမလေးကို နှစ်သိမ့်ဖေးမရင်းနဲ့ ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

မနေ့က မေတ္တာမြင့်မြတ်ဟိန်းက ဝမ်းနည်းစိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားနေရကြောင်း ဖွင့်ဟလာခဲ့တာ တွေ့ရပါတယ်။

ဖခင်ကြီး ဦးမေတ္တာ ကွယ်လွန်သွားတာ တစ်လ ပြည့်တော့မယ့် အချိန်မှာပဲ မိခင်ဖြစ်သူရဲ့ အမေ (သူ့ရဲ့အဘွား) က ထပ်မံကွယ်လွန် သွားတဲ့အကြောင်းကို မေတ္တာမြင့်မြတ်ဟိန်းက ပြောပြထားတာ ဖြစ်ပါတယ်။

ဒါကြောင့် မေတ္တာမြင့်မြတ်ဟိန်းက ခင်ပွန်းသည်ကို ဆုံးရှုံးထားရလို့ မနည်း အားတင်းပြီး ရှေ့ဆက်နေတဲ့ သူ့ရဲ့ မိခင်ကို ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုပြီး ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းက “ကံကြမ္မာကြီးရယ် တစ်ယောက်ဆို တော်ပြီပေါ့ဗျာ ကျွန်တော်တို့အခုမှ အားလေးတင်းပြီး ရှေ့ဆက်ဖို့ အမေနဲ့ ညီမလေးနဲ့ အထိုင်လေး ကျရုံရှိသေးတယ် ” ဆိုပြီး ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူခမျာ အရမ်း ပင်ပန်းနေမှန်းသိတာကြောင့် မျက်ရည်တွေ ထပ်မကျစေချင်တော့ဘူးလို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောထားတာလည်း တွေ့ရပါတယ်။

အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေကလည်း မေတ္တာမြင့်မြတ်ဟိန်းရဲ့ စာလေးကိုဖတ်ပြီး ထပ်တူ ထပ်မျှ ခံစားရတာကြောင့် သူတို့ မိသားစုအတွက် အားပေး စကားတွေပြောပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အားငယ်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်းကို အားပေးစကားလေး ပြောပေးကြပါအုံးနော်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *