နောက်ဆုံး ထွက်သက်ထိတောင် တစ်ယောက်လက်ပေါ်တစ်ယောက် အိပ်စက်ရင်း ဆုံးပါးသွားခဲ့ကြတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်

နောက်ဆုံး ထွက်သက်ထိတောင် တစ်ယောက်လက်ပေါ်တစ်ယောက် အိပ်စက်ရင်း ဆုံးပါးသွားခဲ့ကြတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကမ္ဘာ တစ် ဝန်းမှာရှိကြတဲ့ တစ်ချို့သော စုံတွဲတွေ လင် မယားတွေက အိမ်ထောင်သက် (၁၀) နှစ် လောက်ပေါင်းနေနိုင်ဖို့က အလွန့်ကို ခဲရင်းလှပါတယ်။ သို့ပေမဲ့ အခုဖော်ပြပေးမဲ့ လင် မယားနှစ်ဦးက အိမ်ထောင်သက် (၇၅) နှစ် anniversary မှာ တစ်ယောက် လက်မောင်းပေါ် တစ်ယောက်အိပ်စက်ရင်း သေဆုံးသွားကြတဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

Jeanette နဲ့ Alexander Loczko အမည်ရှိတဲ့ လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ (၈) နှစ်က တည်းက အတူတူ နာမကျန်းဖြစ်နေကြခဲ့တာပါ။ အဘိုးအိုက သူ့ရဲ့ ခေါက်ပိုက်ဆံ အိတ်ထဲမှာ သူမနဲ့ထိမ်းမြှား လက်ထပ်ချိန်တုန်းက ရိုက်ထားတဲ့ လက်ထပ် ဓာတ်ပုံလေးကို အမြဲသိမ်းထားပါတယ်။

သူတို့တွေက (၁၉၄၀) ခုနှစ် ဇွန်လ (၂၉) ရက်နေ့မှာ ထိမ်းမြှားလက်ထပ်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ဝေးကွာခြင်းမရှိဘဲ အမြဲ တတွဲတွဲနဲ့ သွားလာ နေထိုင်ခဲ့ကြတာပါ။ ‌နောက်ပြီး သူတို့ရဲ့ နောက်ဆုံး အချိန်မှာတောင် တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး သေဆုံးသွားချင်တယ်လို့ သူတို့ရဲ့ က လေးတွေကို ပြောခဲ့ပါသေးတယ်။

ရုတ်တရက် သူတို့ရဲ့ အိမ်ထောင် သက် (၇၅) နှစ်မှာ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် အဓိဌာန် ပြုခဲ့ပြီး Alexander ဆုံးသွားတဲ့အ ခါမှာ Jeanetteက ရှင် ကျွန်မလက်ပေါ်မှာဘဲ သေဆုံးချင်ခဲ့တဲ့ ဆန္ဒကို ကျွန်မဖြည့် ဆည်းပေးလိုက်ပါပြီ။

ကျွန်မရှင့်ကို အရမ်းချစ်ပါတယ်။ နောင်ဘဝ ကျရင်လည်း ရှင်နဲ့ပြန်ဆုံပြီး အမြဲ ထာဝရ မခွဲဘဲ ချစ်ချင်ပါသေးတယ်လို့ သူမ မဆုံးခင် အချိန်အနည်းငယ်တွင်းမှာ သူမချစ်မြတ်နိုးရတဲ့ Alexander ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။

ကျွန်တော့် အနေနဲ့ဆိုရင် ကျွန်တော် ချစ်မြတ်နိုးရတဲ့ ဇနီးနဲ့ အိမ်‌ထောင် သက် အ နည်းဆုံး (၅) နှစ်လောက် ပျော်ပျော် ရွှင်ရွှင် နေသွားနိုင်ရင် ကျွန်တော့်အတွက် လုံ လောက်နေပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့မှာ ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင်တော့ အဲ့ဒီ လင် မယားနှစ်ဦးလိုဘဲ ကြည်နူး အံ့သြဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ကြမှာတော့အမှန်ပါ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း တို့လင်မယားနှစ်ဦးအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *