နေဒွေးရဲ့ ပိုစ့်အောက်မှာ အတိုင် အဖောက်ညီညီ ထိထိမိမိ ဒဲ့ဝင်ဆော်လာခဲ့တဲ့ ဆောင်းယွန်းစံ

နေဒွေးရဲ့ ပိုစ့်အောက်မှာ အတိုင် အဖောက်ညီညီ ထိထိမိမိ ဒဲ့ဝင်ဆော်လာခဲ့တဲ့ ဆောင်းယွန်းစံ

မင်္ဂလာပါ ချစ် ပရိသတ်ကြီးရေ ဆောင်းယွန်းစံက အနုပညာလောကမှာ မော်ဒယ်လ် မင်းသမီး အနေနဲ့ အချိန်အတော်ကြာအောင် လျှောက်လှမ်းခဲ့ပြီးနောက်

( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိတ်သတ်တွေ ရင်ထဲကို ပိုမို ရောက်ရှိလာခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒါ့အပြင် အမြဲ အလှူရေစက် လက်နဲ့မကွာအောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။

ခုလတ်တလောမှာလည်း ဂယက်ထခဲ့တဲ့ မင်းသမီး နှစ်လက်ဖြစ်တဲ့ မေပန်းချီနဲ့ ဘေဘီမောင်တို့ နှစ်ယောက်ရဲ့ ပြဿနာအပေါ် သူမနဲ့ ပြသာနာ ဖြစ်ဖူးခဲ့တဲ့

ဘေဘီမောင်နဲ့ ပတ်သက်ပြီး သူမရဲ့ ရင်တွင်းခံစားချက်ကို သူငယ်ချင်းဖြစ်သူ နေဒွေးရဲ့ ပိုစ့်မှာ မှတ်ချက်ဝင်ပေးကာ ဖော်ပြခဲ့တာပါ။

ဘေဘီမောင်ရဲ့ ညီမဖြစ်သူ သံစဉ်မောင်နဲ့ ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးတဲ့ နေဒွေးက ဝဋ်ဆိုတာ

ကောင်းကောင်းကြီး လည်တတ်တာပဲဆိုတဲ့ စကားလေးနဲ့ ပိုစ့်တင်လာတဲ့ အပေါ်မှာ ပြဿနာထဲ ပါဝင်ခဲ့ရ

တဲ့ ဆောင်းယွန်းစံကလည်း ” ဝဋ်လည်နေတာလေးကြည့်ကောင်းလို့” ဆိုတဲ့စကားနဲ့ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခုလက်ရှိမှာတော့ မင်းသမီး နှစ်ယောက်ရဲ့ ပြဿနာအပေါ် ပရိတ်သတ် တချို့ကလည်း မေပန်းချီဘက်က ပါဝင်ခဲ့ကြသလို

ဘေဘီမောင်တို့ ညီအစ်မနှစ်ယောက်နဲ့ ပြဿနာတက်ခဲ့ဖူးတဲ့ အနုပညာရှင်များကလည်း သူတို့ရဲ့ ခံစားချင်

တွေကို ဖွင့်ဟလာကြတဲ့ သူတွေအထဲမှာ ဆောင်းယွန်းစံလည်း ပါဝင်ခဲ့တာပါတယ်။

ပရိတ်သတ်ကြီး အားလုံးလည်း ဆောင်းယွန်းစံရဲ့ မှတ် ချက်အပေါ် အမြင်လေးကို ရေးသားခဲ့ပါအုံးနော်။

ပရိတ်သတ်ကြီးအားလုံး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *