နိုင် ငံ အပေါ် မှာ ထားရှိတဲ့ သူမ ရဲ့ စိတ် ထားကို ရဲ ဝင့် ပြတ် သား စွာ ပြောပြ လာခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

နိုင်ငံအပေါ်မှာ ထားရှိတဲ့ သူမရဲ့ စိတ်ထားကို ရဲဝင့် ပြတ် သားစွာ ပြောပြလာခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ရုပ်ရှင် သရုပ်ဆောင် မြနှင်းရည်လွင်က MRTV-4 မှာ ရိုက်ကူးတဲ့ ဇာတ်လမ်း တွဲတွေကနေ တစ်ဆင့် လူသိများ အောင်မြင်လာပြီး

ပရိတ်သတ် အခိုင် အမာတွေ ရရှိထားသူ ပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီ လ အစတည်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေတွေ နဲ့ ပက်သက်ပြီး သူမက အမှန်တရား ဘက်ကနေ ပြည်သူတွေ နဲ့ တစ် သားတည်း ပူးပေါင်း ပါဝင်လှုပ် ရှားခဲ့တာပဲ ဖြစ်ပါ တယ်။

အခုလို လူထု လှုပ်ရှားမှုကို အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့ တာကြောင့် လက်ရှိမှာတော့ (၅၀၅) ကဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတာ ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လတ်တလောမှာ သူမရဲ့ လုံခြုံရေးအတွက် တိမ်းရှောင်နေရတာ ဖြစ်ပြီး Social Network ပေါ်တွင်တော့ တစ်ရက် မှ သွေးမအေးဘဲ သူမ တတ်နိုင်သလောက် သတင်း အချက်အလက်တွေကို တင်ပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင် သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အာဏာရှင် စနစ်ကို မရရတဲ့နည်းနဲ့ ဆက်လက် တော်လှန်နေမှာဖြစ်ကြောင်းကို ရေသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“ ဒီလိုအချိန်မှာ ကျွန်မကို လူသိဖို့ မသိဖို့ like များဖို့ မများဖို့ follower တိုးဖို့ မတိုးဖို့ထက် ကျွန်မရဲ့ ပုံတစ်ပုံ စာတစ်ကြောင်း ပို့စ်တစ်ခုကနေ လူတစ်ယောက်ပဲရရ ဘယ်နှစ်ယောက်ပဲမြင်မြင် အဲ့လူတွေအတွက် နေ့စဉ်နေ့တိုင်း သွေးမအေးသွားဖို့ဖြစ်ပါတယ်။

အခွင့် အရေးရရင်ရသလို ဘယ်နည်းနဲ့မဆို အာဏာရှင်ကိုဖီဆန်နေတယ်…

ရတဲ့နည်းနဲ့တော်လှန်နေသေးတယ် ဆိုတဲ့စိတ်ပဲ ကျွန်မခေါင်းထဲ ရှိပါတယ်…

ဒါကျွန်မရဲ့နိုင်ငံ အပေါ်ထားတဲ့သစ္စာတရားပါပဲ ”ဆိုပြီး ခိုင်မာပြတ်သားစွာ ပြောလာတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ ယုံ ကြည်တဲ့ ပန်းတိုင်ကို ဆက်လက် ချီတက်နေတဲ့ မြနှင်းရည်လွင် ကို ပရိတ်သတ်တွေက ဘေးကင်းစေဖို့ ဆုတောင်း ပေးနေကြတာ ပဲဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *