နိုင်ငံတော်ကပေးအပ်ချီးမြှင့်ခဲ့တဲ့ ဘွဲ့တံဆိပ်ကြီးတစ်ခုကို ထပ်မံရရှိလာခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ

နိုင်ငံတော်က ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဘွဲ့တံဆိပ်ကြီးတစ်ခုကို ထပ်မံ ရရှိလာခဲ့တဲ့ သရုပ် ဆောင် အကယ်ဒမီ ခန့်စည်သူ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ နိုင်ငံကျော် ပြည်သူ့ အချစ်တော် မင်းသားချော ခန့်စည်သူဟာ အနုပညာ လောကမှာ နှစ်ပေါင်း သုံးဆယ်နီးပါး ပရိတ်သတ် အားပေးမှုကို ခိုင်ခိုင် မာမာ ရယူပိုင်ဆိုင်ထားနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

အများနှင့် မသက်ဆိုင်သူ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီး တစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထားခဲ့တဲ့ ခန့်စည်သူဟာ အ နုပညာမှာ ပါရမီ ထူးချွန်သလို အလှူ အတန်းမှာလည်း ရက်ရောလွန်းတာကြောင့် ကောင်းသတင်းနဲ့ ကျော်စောနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ခန့်စည်သူဟာ ပရဟိတ လုပ်ငန်းတွေကို တစ်ကိုယ် တော်ပြုလုပ်သလို မေတ္တာသင်္ဂဟ ပရဟိတ အဖွဲ့ကိုလည်း ဦးဆောင်ပြီး လူမှု အကျိုးပြု လုပ်ငန်းတွေကို လှုပ်ရှားဆောင် ရွက်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ ခန့်စည်သူကို ချစ်ခင်လေးစားကြတဲ့ ပရိတ်သတ်တွေကို ဝမ်းသာ ဂုဏ်ယူစေမယ့် သတင်း ကောင်းတစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူဟာ နိုင်ငံတော်က ပေးအပ်ချီးမြှင့်ခဲ့တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သီရိသုဓမ္မမဏိဇောတဓရဘွဲ့ဟာ သာသနာ့ ကျက်သရေဆောင် ပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသား ဥပါ သိကာ (ဒုတိယအဆင့်) လို့ မြန်မာအဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူဟာ ပေးအပ်ချီးမြှင့်ခြင်းခံရတာပဲ ဖြစ်ပါတယ်။

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ပေးအပ် ချီးမြှင့်ခြင်း ခံထားရသူဖြစ်ပြီး ဒီနှစ် (၂၀၂၁) ခုနှစ်မှာတော့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း သရုပ်ဆောင် မင်းသားချောလေး ခန့်စည်သူရဲ့ ဝမ်းသာစရာသတင်းအတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ် နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *