နိုင်ငံတကာ အရုပ် အလှမယ် ပြိုင်ပွဲတွင် နွေဦးတော်လှန်ရေးဝတ်စုံလေးနဲ့အတူယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အရုပ်မလေး

နိုင်ငံတကာ အရုပ် အလှမယ် ပြိုင်ပွဲတွင် နွေဦးတော်လှန်ရေးဝတ်စုံလေးနဲ့အတူယှဉ်ပြိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြု အရုပ်မလေး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဖေဖော်ဝါရီလ အစပိုင်းတည်းက စတင်ကာဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့ နွေဦးတော် လှန်ရေးက ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်နေပြီ

ဖြစ်ပေမယ့်လည်း ယနေ့ထိ အရှိန် အဟုန်ကောင်းစွာနဲ့ ဆက်လက် လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

ဆန္ဒပြ သပိတ်တွေအပြင် ပြည်သူ့ ကာကွယ်ရေး တပ်တွေဖွဲ့စည်းပြီး စစ်အာဏာရှင် စနစ်ကို အဆုံးထိ တော်လှန်နေကြတာဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းမှုတွေ

ကြောင့် ပြည်သူပေါင်း (၈၀၀) ကျော်သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း (၃၀၀၀) ကျော်အထိ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်မှုတွေအပြင် အာဏာရှင် စနစ်ဆိုးရဲ့ ဒဏ်ကို ခံနေရတဲ့ ပြည်သူတွေ

က မြန်မာနိုင်ငံဖြစ်ပေါ်နေမှု အခြေအနေ မှန်သမျှကို ရရာနည်းလမ်းတွေနဲ့လည်း ကမ္ဘာသိအောင် Speak out ပြုလုပ်နေကြတာပါ။

နိုင်ငံ့ ကိုယ်စားပြု Miss တွေအနေနဲ့လည်း ပြိုင်ပွဲတောက်လျှောက် မြန်မာ့အရေးနဲ့ပက်သက်ပြီး Speak out ပြုလုပ်ခဲ့ကြပြီး အခုတစ်ခါမှာလည်း နိုင်ငံတကာ

အရုပ်အလှမယ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Galaxy Doll 2021 ပြိုင်ပွဲလေးမှာ မြန်မာ့ကိုယ်စားပြု အရုပ်မလေးက National Costume ပွဲမှာ နွေဦးတော်လှန် ရေး ဝတ်စုံလေးဝတ်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း အရာလေးကိုလည်း Missosology Myanmar ရဲ့ Facebook page လေးမှာ “နိုင်ငံ တကာ အရုပ် အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်တဲ့

Miss Galaxy  Doll  2021 ပြိုင်ပွဲလေးမှာ ဝင်ရောက်

ယှဉ်ပြိုင်နေတဲ့ မြန်မာ အရုပ်မလေးက ပြည်သူ့ အာဏာ ပြည်သူ့ပြန်ပေး ဆိုသည့်စာသားပါ

နွေဦးတော်လှန်ရေး National Costume ဝတ်စုံကို ဝတ်ဆင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တက်နိုင်သမျှ ရတဲ့ဖက်ကနေ Speak out လုပ်ပေးခဲ့တဲ့ Miss Galaxy Doll Myanmar Organization ကို အသိအမှတ်ပြု လေးစားပါတယ်

ဆိုပြီးရေးသား ဂုဏ်ပြုထားခဲ့ပါတယ်။ ကဲ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *