ကားငါးစီးဆင့်ကာတိုက်မိပေမဲ့ ဘာမှမထိခိုက်ခဲ့ကြောင်းနှင့် ကြုံတွေ့ခဲ့ရတဲ့ယဉ်တိုက်မှုကို ပြန်လည်မျှဝေလာတဲ့ဦးကျော်သူ

နာရေးလမ်းကြောင်းလိုက်ပို့ရင်း ကားငါးစီးဆင့်တိုက်တဲ့အထဲပါပြီး အက်ဆီဒင့်ဖြစ်ခဲ့တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူ

ကဲ ပရိတ်သတ်ကြီးရေ ဒီကနေ့မှာတော့ နာရေးကူညီးမှု့လမ်းကြောင်းဖြင့် ရေဝေးသုဿန်သို့ အသွားလမ်းမှာ ကား ငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်လည်း ဘုရားကျေး ဇူးနှင့် ဘာမှထိခိုက်မှု မဖြစ်ခဲ့ကြောင်း ဦးကျော်သူက သူရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အခုလိုမျှဝေလာခဲ့ပါတယ်။ ဘာမှ မပူပါနဲ့။ ဘာမှ မဖြစ်ဘူး။ ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်။

ယနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိ ဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေး ခရီးသယ်တင်ကား တစ်စီးမှ တိုက်လိုက်၍

ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်း တိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့် တိုက်မိတော့သည်။

လူများဘာမျှ မဖြစ်သော်လည်း တိုက်ခံရသည့် ကားငယ် ( ရှေ့/ နောက် ) ၊ လိုက်ထရပ် ( ရှေ့/ နောက်) ၊ နာကူယာဉ် ရှေ့ (ဘယ်/ညာ) ၊ ဘတ်စ်ကားကြီး( နောက်ဖက် ဘယ်ဖက်ခြမ်း ပွန်း) အသီးသီး ထိသွားခဲ့ပါတယ်။

ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့် ဖြစ်ရပ်ပင် ဖြစ်တော့သည်။ မိမိမှ လမ်းမှန် ၊ ပုံမှန်မောင်းသော်ငြား တစ်ဖက်မှအန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူးသတိ ထားရန် အသိတရား တစ်ခုရှိခဲ့ရသည်။

နိဗ္ဗာန်ယာဉ် ပေါ်ပါလာသော ဘဝကူးသွားသည့် ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအား ပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန် မပျက် ၊ တာဝန် ကြေစွာ လုပ်ဆောင် ပေးခဲ့ပါသည်။

အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှ တာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအား စစ်ဆေးပါတော့သည် ။ သွေးပေါင်ချိန်ဖြင့် ချိန်ပါတော့သည်။ ဘာမှမဖြစ်။ ဘာမှမတွေ့။ မိမိတွင် ဗုဒ္ဓရှိနေသည်။

ဘုန်းဘုန်းရှိနေသည်။ မည်သို့ဖြစ်စေ မော် တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်း လျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် …. ဘယ်လောက်မှန်မှန် ဘယ်လောက်ဖြေးဖြေး ဘယ်လောက်သတိထားထား တစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေး ထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်။ ” ဟု ရေသားထားပါတယ် ။ Source ; Kyaw Thu Fb’s

Tags:

Add a Comment

Your email address will not be published. Required fields are marked *