နာမည်ဖျက်ချင်ရင် ခေါင်းသုံးတက်ဖို့ လိုတယ်လို့ စကစအဖွဲ့ကို ဒဲ့လှောင်လာခဲ့တဲ့ မြနှင်းရည်လွင်

နာမည်ဖျက်ချင်ရင် ခေါင်းသုံးတက်ဖို့ လိုတယ်လို့ စကစအဖွဲ့ကို ဒဲ့လှောင်လာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ စစ်တပ်ထောက်ခံသူများက ရုပ်ရှင်ထဲက ပုံရိပ်များကို အသုံးပြုပြီး မြနှင်းရည်လွင် နာမည်ဖျက်ပြီး ဇာတ်လမ်းတွဲတွေ

များစွာရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ တခဲနက် ချစ်ခင် အားပေးမှု အခိုင်မာ ရရှိခဲ့တဲ့သူကတော့ သရုပ်ဆောင် မြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က ဖေဖော်ဝါရီလ အစတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုကျ အပင်ပန်းခံကာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက္

ပါဝင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ် တည်လာခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က ခုလက်တလောမှာ လွတ်မြောက် နယ်မြေမှာ ရှောင်တိမ်း နေရပေမယ့် ဆုံးဖြတ်ချက်

တွေ ခိုင်မာစွာနဲ့ တက်နိုင်သလောက် ပါဝင်အားဖြည့်နေတယ်ဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ အွန်လိုင်းပေါ်မှာ ပျံနှံနေတဲ့ သူမရဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သူမကို ရည်ရွယ်ချက် ရှိရှိ နာမည်ဖြတ်နေတဲ့ လူတစ်စုကို သတိပေး ရေးသားလာခဲ့ပါတယ်။

တောထဲကနေ မပျင်းရဘူးဟေ့ ခေါင်းသုံးပြီးတော့ လူယုံအောင် ရေးစေချင်လို့ ဒီအကြောင်းနဲ့ ပတ်သက်

ပြီး သူမကို နာမည်ဖျက် ရေးသားထားတဲ့ အကောင့် ပိုင်ရှင် postကို share ပြီး ပရိတ်သတ်သိအောင် မျှဝေခဲ့ပါတယ်။

အဆိုပါ ပိုစ်ပိုင်ရှင်ရဲ့ နာမည်ကတော့ Thiha Thu Ya Oo ဆိုတဲ့ ပိုင်ရှင်ဖြစ်ပြီး မြနှင်းရည်လွင်နဲ့ ပတ်သက်ပြီး လူအထင်မှားစေမဲ့ အကြောင်းအရာများကို

ရေးသားပြီး ပြန်လည် မျှဝေတဲ့သူတွေလည်း အများအပြားရှိပါတယ်။

ပြည်သူတွေနဲ့ အတူ ရပ်တည်ပြီး ယုံကြည်ချက်တွေနဲ့ အနာဂတ်တွေ အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ကြိုးစားပါဝင်နေတဲ့ မြနှင်းရည်လွင်ရဲ့

ခိုင်မာပြတ် သားတဲ့ စိတ်ဓာတ်တွေကို ပရိတ်သတ်အားလုံးကလည်း သဘောကျတာ ဖြစ်တာကြောင့်

ဘယ်လိုပဲ သတင်းအမှားတွေ ဖြစ်ဖြစ် ပရိတ်သတ်တွေရဲ့ ယုံကြည်မှုကိုတော့ မဖျတ်ဆီးနိုင်ပါဘူးနော်။

ပရိတ်သတ်တွေအတွက် ပြန်လည်း တင်ဆက်ပေး လိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *