နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကိုအမြဲကျောပိုးပြီး သူမရဲ့နောက်ဆုံးအချိန်ထိ ဗနာင်တမရအောင် ခရီးတွေထွက်ခဲ့တဲ့ ခင်ပွန်းတစ်ယောက် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကိုအမြဲကျောပိုးပြီး သူမရဲ့နောက်ဆုံးအချိန်ထိ ဗနာင်တမရအောင် ခရီးတွေထွက်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အသက် (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦးက သူ့ရဲ့ဖျားနာနေတဲ့ ဇနီးဖြစ်သူကို ကျောပိုးပြီး Anhui ပြည်နယ်ရှိ တောင်တန်းတစ်လျှောက်ခရီးခေါ်ထွက်ခဲ့တဲ့ videoက social media ပေါ်မှာ အတော်လေး လူကြည့်များနေလျက်ရှိပါတယ်။

WangXiaomin အမည်ရှိတဲ့ ၎င်း အမျိုးသားက ဇနီးသည်ကို ကျောပိုးပြီး တရုတ်နိုင်ငံ တစ်လျှောက် နာမည်ကြီးပြီး လာရောက်လည်ပတ်သူများတဲ့ နေရာမျိုးကို လည်ပတ်နေခဲ့ကြတာပဲဖြစ်ပါတယ်။

Video ထဲမှာတော့ Wang က ဇနီးသည်ကိုပြုစုစောင့်ရှောက်နေရတာ လွန်ခဲ့တဲ့ (၅) နှစ်ကဇနီးသည် ALS ရောဂါစပြီးခံစားခဲ့ရတဲ့ အချိန်ကတည်းကဖြစ်ကြောင်း နှင့် အဆိုပါရောဂါက ကြွက်သားတွေကို ပျက်ဆီးစေပြီး ခန္ဓာကိုယ်ကို ကိုယ်တိုင် မလှုပ်ရှားနိုင်တော့အောင်ဖြစ်စေတဲ့ ရောဂါမျိုးဖြစ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။

၎င်း ရောဂါခံစားရသူတွေက (၂) နှစ် ဒါမှမဟုတ် (၄) နှစ်ခန့်သာ အသက်ရှင် နေထိုင်နိုင်တော့တဲ့အတွက် ကျန်ရှိတဲ့ ရက်တွေမှာ ဇနီးသည် နောင်တမရအောင် ကျယ်ပြားလှတဲ့ ကမ္ဘာကြီးကို ဇနီးသည်ကြည်ရှုခံစားနိုင်အောင် ဆက်ပြီးခေါ်ဆောင်သွားချင်ကြောင်း Wang ကပြောပြလာခဲ့ပါတယ်။

တခြား ခရီးသွားတွေနဲ့ စကားစမြည်းပြောခဲ့ချိန်မှာတော့ Wang က ပင်ပန်းတာပေါ့ သူ့ရဲ့ဘဝကို အဓိပ္ပါယ်ရှိအောင် လုပ်ပေးနိုင်ရင်တော့ ဒီပင်ပန်းမှုက ဘားမှမဟုတ်ဘူးဆိုပြီး ပြောပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ (၅) နှစ်အတွင်းမှာလည်း Wang ကဇနီးသည်ကို ကျောပိုးပြီး နေရာအနှံ့ခရီးထွက်ခဲ့ကြပြီး နောက်ထပ် ထပ်သွားမည့် ခရီးစဉ် တွေကိုတော့ မဆုံးဖြတ်ရသေးကြောင်း Wang ကပြောပြခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့ ဇနီးမောင်နှံအပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *