ဒေါ်အောင်ဆန်းစုကြည် နေရာတွင် ထပ်မံ သရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟတောင်းဆိုလာခဲ့

ဒေါ်အောင်ဆန်းစုကြည် နေရာတွင် ထပ်မံ သရုပ် ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟတောင်းဆိုလာခဲ့

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ထပ်ပြီး သရုပ်ဆောင် ချင်သေးတယ်လို့ ဟောလီးဝုဒ် နာမည်ကျော် မင်းသမီး မီရှဲလ်ယိုက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဘဝကို အခြေခံ ရိုက်ကူးထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lady မှာ မီရှဲလ်ယိုဟာ ဒေါ်အောင်ဆန်းစုကြည် နေရာကနေ သရုပ်ဆောင် ခဲ့တာပဲဖြစ်ပါတယ်။

The Guardian သတင်းစာနဲ့ မနေ့က အင်တာဗျူးမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ အဖြစ်အပျက်တွေကို နောက်ဆက်တွဲ ဇာတ်လမ်း ရိုက်ကူးမယ်ဆိုရင် ပါဝင်ချင်တယ်လို့ အသက် ၅၉ နှစ်အရွယ် ယိုက ဖွင့်ဟလာခဲ့ပါတယ်။

နောက်ဆက်တွဲ ဇာတ်လမ်းရိုက်မယ် ဆိုတာမျိုးက သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

ချပြစရာ အကြောင်းတွေ ထပ်ရှိနေတာပဲ မဟုတ်လား။

အခုပြောနေရင်းနဲ့တောင် ဖြစ်ပျက်နေတာပဲ သူမ သူရဲကောင်း တစ်ယောက်အဖြစ် သရုပ်ဆောင်ပေးခဲ့သူ တစ်ယောက်ကို လူမျိုးတုန်း သတ်ဖြတ်မှုမှာ ကြံ ရာပါအဖြစ် ပြောဆို စွပ်စွဲနေကြတာတွေကို စိတ်ပျက်မိတယ်လို့လည်း မီရှဲလ်ယိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မလေးရှား နိုင်ငံသူဖြစ်တဲ့ယိုဟာ အသက် ၂၀ အရွယ် ၁၉၈၃ ခုနှစ်မှာ Miss Malaysia ဘွဲ့ ရခဲ့ပြီးတဲ့နောက် ဟောင်ကောင် ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ဟောလီးဝုဒ်မှာပါ အောင်မြင်လာသူ ပဲဖြစ်ပါတယ်။

သူမအရင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ အတွက် နောက်ဆက်တွဲ ဇာတ်လမ်း ရိုက်ရတာမျိုးကို ကြိုက် နှစ်သက်တယ်လို့လည်း ယိုက The Guardian သတင်းစာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း မီရှဲလ်ယို အတွက် ဆုတောင်း စကားလေးတွေ ပြောခဲ့ပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *