ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ် ပြောကြား

မြန်မာ့တပ်မတော်က ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားသော ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ်က ပြောကြားလိုက်သည်။

“ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူး ပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီကိုဖျက်ဆီတဲ့သူတွေကို ထပ်မံ အရေးယူဖို့ ကျွန်တော်တို့ စဉ်းစားပါမယ် ” ဟု ၎င်းက တွစ်တာ လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

မြန်မာ့အခြေအနေက ဆိုးရွားလာပြီး လူ့အခွင့် အရေး ချိုးဖောက်မှု များနှင့်အာဏာ အလွဲသုံးစားမှုများကို မှတ်တမ်းတင်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင် စီ အစည်းအဝေး၌ ၎င်းက ပြောကြားမည်ဖြစ်သည်။

ဘင်္ဂလီများနှင့် အခြား တိုင်း ရင်းသား လူ နည်းစုများအတွက် လက်ရှိ အခြေ အနေက အန္တရာယ် ဖြစ်စေသလို ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုမည်ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင် ဆက်သွယ်ရေး စက်များ ပိုင်ဆိုင်မှု၊ သဘာဝဘေး အန္တရာယ် တားဆီး ကာကွယ်ရေးဥပ ဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင် ထားခြင်းဖြစ်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုစံနှုန်းညံ့ ဖျင်း သော နိုင်ငံများကို အဖွဲ့ဝင်ဖြစ်ခွင့်ပြုရန် ရည် ရွယ်ချက်ဖြင့် ကုလ သမဂ္ဂ လူ့အခွင့် အ ရေးကောင်စီကို ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင် နေရာအစားထိုးရန် ၂၀၀၆ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အ စည်းအဝေးကို သုံးနှစ်လျင်တစ်ကြိမ် တွေ့ဆုံပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး မှတ်တမ်းများအပြင် မြန်မာ၊

ဆီးရီးယား၊ မြောက်ကိုရီးယား၊ ဘူရွန်ဒီနှင့် တောင် ဆူဒန် အပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှု အစီရင်ခံစာ စုံစမ်း စစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းမှုကို ပြန် လည်သုံးသပ်သည်။ Source ; People Media

Add a Comment

Your email address will not be published. Required fields are marked *