ဒေါက်တာ ဉာဏ်လင်းဦးရဲ့ ဈာပနာကို လိုက်ပို့ရင်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ဆုတောင်းစကားတွေ ပြောလာခဲ့တဲ့ ငွေတီဦး

ဒေါက်တာ ဉာဏ်လင်းဦးရဲ့ ဈာပနာကို လိုက်ပို့ရင်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ဆုတောင်းစကားတွေ ပြောလာခဲ့တဲ့ ငွေတီဦး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးရဲ့ ညီမရင်းဖြစ်သူ ငွေတီဦးက ဖခင်ကို ဆုံးရှုံးပြီး သုံးလ ကျော်အကြာမှာပဲ (၁၀) နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းကိုပါ ထပ်မံ ဆုံးရှုံးခဲ့ရတာမို့ ပရိတ်သတ်တွေက ဂရုဏာ သက်နေကြတာပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ငွေတီဦးရဲ့ ခင်ပွန်း ဒေါက်တာ ဉာဏ်လင်းဦးရဲ့ ရုပ်အလောင်းကို ဂူသွင်း သဂြိုလ်ခဲ့ပြီး ငွေတီဦးက ခင်ပွန်းဖြစ်သူရဲ့နောက်ဆုံး ခရီးမှာ အခုလိုပဲ ရေးသား လာခဲ့ပါတယ်။

“ကို့ ရဲ့ နောက်ဆုံးခရီး.. အစစ အရာရာ ပြည့်ပြည့်စုံစုံနဲ့ အေးအေးချမ်းချမ်း နောက်ဆံမတင်းဘဲ ထွက်သွားလို့ရအောင် စေတနာ မေတ္တာအပြည့်နဲ့ စီစဉ်ပေးကြတဲ့ မိတ်ဆွေများ ညီအကို မောင်နှမများ..လှူဖွယ်ပစ္စည်းတွေ ပို့ပေးကြတဲ့ မိတ်ဆွေများ.. ကို့ ကို ချစ်ပေးကြတဲ့ လုပ်ဖော် ကိုင်ဖက်များ..

နေမကောင်း ဖြစ်စဉ်မှာထဲက အစားအသောက်များ ဆေးများ ပို့ပေး ကူညီပေးကြတဲ့ မိတ်ဆွေကောင်းများကို ရင်ထဲက အရမ်းကို ကျေးဇူးတင်ပါတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ပေမယ့် သူ့လောက်ကံ ကောင်းအောင် ကျွန်မတို့ ကြိုးစားကြရဦးမယ်။ ဒီဘဝမှာ သက်တမ်း တိုပေမယ့် နေရသခိုက် ပျော်ပျော် ရွှင်ရွှင် ပြည့်ပြည့် စုံစုံ နေခွင့်ရတဲ့ ကံရယ်..”

“နေမကောင်းချိန်မှာလဲ အစစ လိုလေးသေးမရှိ ပြုစုခံ ကုသခံပြီး အဆင်အပြေဆုံးဖြစ်အောင် အေးချမ်းစွာ ဖြတ်သန်းပြီး ဘဝကူး နိုင်တဲ့ကံရယ်.. အော်.. ကိုယ့်အလှည့်ကျ သူ့လောက်တောင် ကံကောင်းနိုင်ပါ့မလား လို့ တွေးမိရတယ်။ နောက်ဘဝကျ ဒီထက်ပိုပြီး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သံသရာမှာ ကျဉ်လည်ရဦးမှာမို့ တစ်ကွေ့ကွေ့ပြန်တွေ့ကြရင် မှတ်မိပါစေလို့ မှာလိုက်တယ်။ သံသရာက ဝင်္ကဘာလိုပဲ မျက်စိလည်တတ်တာမို့ သိပ်အကြာကြီး လျှောက်လည် မနေဘဲ ဒီဘဝမှာ ရှာချင်ခဲ့တဲ့ တရားကို နောက်ဘဝကူးတာနဲ့ မမေ့ခင် မြန်မြန်ရှာဖို့လဲ မှာလိုက်တယ်။

ရှည်လျားလွန်းတဲ့ သံသရာခရီးမှာ သတ္တဝါတိုင်းဟာ အသက် ရှည်စေတဲ့ ကုသိုလ်ကံတွေလဲ ပြုခဲ့ကြသလို အသက်တိုစေတဲ့ အကုသိုလ် ကံတွေလဲ ပြုခဲ့ကြ ဘူးတယ်တဲ့။

ဘယ်ကံက ဘယ်ဘဝမှာ အကျိုးပေးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူးတဲ့။ ကောင်းအောင် နေထိုင်သည်ဖြစ်စေ .. ဆိုးအောင်နေထိုင်သည် ဖြစ်စေ ကံ အကျိုးသက်ရောက်တဲ့ ဘဝအတိုင်း ဖြစ်ရမှာပါပဲတဲ့..”

“စိတ်ထားမကောင်းလို့ ဘုရားတရား မလုပ်လို့ စောစော သေရတာမျိုးလည်း မဟုတ်ဘူးတဲ့။ ဆိုးမိုက် နေပေမယ့်လည်း အသက်ရှည် မယ့်ကံ အကျိုးပေမယ့် ဘဝနဲ့ ကြုံရင် အသက်ရှည်နိုင်တယ်တဲ့။

အသက်တိုမယ့် ကံ အကျိုးပေးမယ့် ဘဝမှာမှ ချစ်နဲ့လာဆုံရတဲ့ အတွက်တော့ စိတ်လဲ မကောင်းဘူး စိတ်လဲဆိုးတယ် ကိုရေ အတူ နေခဲ့စဉ် တလျှောက်လုံး ချစ်ဘာလုပ်လုပ် No ဆိုတာ မရှိခဲ့တာရယ်.. ချစ်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံပေးပီး ပြင်ဆင်ဖို့ ၁% တောင် မကြိုးစားခဲ့တာရယ် အတွက်လည်း ကျေးဇူ းတင်ကြောင်း ပြောခဲ့ပါသေးတယ်။

ကို့ကို ကောင်းစေချင်တဲ့ စိတ်နဲ့ တချို့အရာတွေကို အပြုသဘောနဲ့ ထောက်ပြပြင်ဆင်ဖို့ ကြိုးစားခဲ့မိလို့ စိတ်ရှုပ်ခဲ့ရရင် ခွင့်လွှတ်ဖို့လဲ တောင်းပန်ခဲ့တယ်.. (စိတ်မဆိုးဘူး ဆိုတာလဲ သိပါတယ် ကိုရယ်)” ချစ်ဆုံး.. ကို ဘာဝတ်ရမှာလဲ ပြော” လို့ မမေးတော့ပေမယ့် အရင်တုန်းကလိုပဲ ချစ်နဲ့ အရောင်ဆင်တူလေး ရွေးပေးဖြစ်ခဲ့တယ်။

ကို သက်တောင့်သက်သာ ဖြစ်ပါစေ။ နောက်ဆုံး အချိန်ထိ ကို့လက်ကို ဆုပ်ကိုင်ပေးထားတယ်ဆိုတာ ကိုသိပါစေ။ နောက်ဘဝမှာ ဒီ့ထက် ပိုချစ်နိုင်မယ့် ပါရမီ ဖြည့်ဖက်ကောင်းရပီး သံသရာ ဝတ်ဆင်းရဲက အမြန်ဆုံး ရုန်းထွက် လွတ်မြောက်နိုင်ပါစေ..” ဆိုပြီး ရေးသားထားပါတယ်။

ငွေတီဦးက တစ်ဘဝ ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာ ဉာဏ်လင်းဦးရဲ့ နောက်ဆုံးခရီးမှာ အပြည့်စုံ ဆုံးဖြစ်အောင် အစစ အရာရာ ပြင်ဆင်ပေးရင်း ဆုတောင်း စကားတွေ အများကြီး မှာကြားပေးခဲ့တာ ဝမ်းနည်းစရာပါပဲ။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *