ဒူဘိုင်းက ချမ်းသာတဲ့သူဌေးတွေရဲ့ ရည်းစားဖြစ်ချင်လို့ အရှက်မရှိ ပြိုင်ပွဲဝင်နေတဲ့ တ ရု ပ်မ များ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဒူဘိုင်းက ချမ်းသာတဲ့သူဌေးတွေရဲ့ ရည်းစားဖြစ်ချင်လို့ အရှက်မရှိ ပြိုင်ပွဲဝင်နေတဲ့ တ ရု ပ်မ များ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ရာနဲ့ချီတဲ့ တရုတ်ပြည်က အမျိုးသမီးတွေက ဒူဘိုင်းက သန်းကြွယ်သူဌေးတွေနဲ့ Date လုပ်ခွင့်ရဖို့ ပြိုင်ပွဲဝင်

တစ်ချိန်က အမျိုးသမီးတစ်ယောက်ကို ရဖို့ အမျိုး သားတွေ ပြိုင်ခဲ့ကြရပေမယ့် ခုခေတ်ကတော့ အ မျိုးသားတစ်ယောက်ကို ရဖို့ အမျိုးသမီးတွေ ပြိုင်ဆိုင်နေတာများလားလို့ တွေးစရာ ဖြစ်စေခဲ့ပါပြီ။

တရုတ် အမျိုးသမီး (၃၀၀) ကျော်ဟာ တရုတ်နိုင်ငံ Chengdu မှာကျင်းပမယ့် Dating ပြိုင်ပွဲရဲ နောက်ဆုံး ဇကာတင် စာရင်း (၂၁) ဦးထဲ ပါဝင်ဖို့ ယှဉ်ပြိုင်နေကြပါတယ် ။

သူတို့ဟာ ဒူဘိုင်းက သန်းကြွယ်သူဌေးတွေနဲ့ date လုပ်ခွင့် ရမှာဖြစ်ပြီး ၊ဘဝကို ချမ်းသာစွာနဲ့ ဖြတ်သန်းခွင့် ရမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ယှဉ်ပြိုင်နေကြတာပါ။

ဒီပွဲကို တရုတ် dating ကုမဏီတစ်ခုဖြစ်တဲ့ Meimeng က စီစဉ်တာဖြစ်ပြီး အမျိုးသမီး (၂၀၀၀) လောက်က သူတို့နဲ့ ကိုက်ညီမယ့်ဒူဘိုင်းက ဒေါ်လာ (၇.၆) သန်းအနည်းဆုံး ချမ်းသာတဲ့ သန်းကြွယ်သူဌေးနဲ့ ရည်းစားအဖြစ် ချိတ်ဆက်ပေးဖို့ အွန်လိုင်းကနေ လျှောက်လွှာတင်ခဲ့ကြပါတယ် ။

ဒီပြိုင်ပွဲ လျှောက်ထားသူ အမျိုးသမီးတွေဟာ အ သက် (၁၉) နှစ်ကနေ (၄၈) နှစ်ကြား ရှိသူတွေ ဖြစ်ကြပြီးအလုပ်အကိုင်အားဖြင့် ကျောင်းဆရာမ ၊ ယောဂ သင်တန်းဆရာမ ၊ ဘွဲ့ရနဲ့ အလှမယ်တို့ ပါဝင်ပါတယ်။

လျှောက်လွှာတင်သူ အမျိုးသမီး (၂၀၀၀) ကျော်ရဲ. ရုပ်ပိုင်းဆိုင်ရာ ၊ သူတို့ရဲ ကျွမ်းကျင်မှု အရည်အချင်း နဲ့ အတိတ်က ဆက်ဆံရေးတွေကို အဆင့်သုံးဆင့်နဲ့ဆန်းစစ်ပြီးတဲ့အခါမှာတော့ အ မျိုးသမီး (၂၈၀) ပဲ ကျန်ပါတော့တယ်။

ဒီထဲကမှ ကံ ကောင်းတဲ့ နောက်ဆုံးဇကာတင် (၂၁) ဦးဟာ ဒူဘိုင်းကို ဇွန်လထဲမှ ခရီးသွားရမှာ ဖြစ်ပြီး ၊ သန်းကြွယ်သူဌေးတွေနဲ့ တွေ့ဆုံပြီး နောက်ဆုံးအဆင့် ပြိုင်ကြရမှာ ဖြစ်ပါတယ်တဲ့။ c r d

Add a Comment

Your email address will not be published. Required fields are marked *