ဒီးမော့ဆို တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့ မိခင်ရေးတဲ့စာကိုဖတ်ပြီးဝမ်းနည်းနေတဲ့ G Fatt

ဒီးမော့ဆို တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့ မိခင်ရေးတဲ့စာကိုဖတ်ပြီးဝမ်းနည်းနေတဲ့ G Fatt

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေ ချစ်ခင် အားပေးရတဲ့ အဆိုတော် G Fatt က သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူရဲ့ ရင်ဖွင့်ထားတဲ့ စာတွေကိုဖတ်ပြီးဝမ်းနည်းနေပါတယ်။ ဒီးမော့ဆိုတိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေးရဲ့မိခင်က သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ကြေကွဲ မှတ်တမ်းလေး တင်ပါရစေနော်။

သားအကြီးဆုံးမို့ သားအငယ်နဲ့ သမီးလေးထက် အရင်အစစ အရာရာ ဦးစားပေးချစ်ခဲ့ရတဲ့ သား အမေဓမ္မစကူးလ် ဆရာမဆို သားကဓမ္မစကူးလ် ဆရာအမေကင်းထောက်ဆိုသားကကင်းထောက်ဆရာအမေဆရာမဆိုသားက guide၊ အမေဈေးရောင်းရင်သားက

model အမေ့အဝန်းအဝိုင်းလေးကို အားဖြည့်ဂုဏ်တက်စေသူဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက်လိုက်လျောညီထွေချစ်ခင်အောင်နေတတ်ပြီးအများအတွက်ကူညီဆောင်ရွက်ပေးသူဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူအမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ

အမေ့ကိုချန်ထားပြီးနုတ်မဆက်ဘဲထွက်သွားသူသူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကိုလမင်းကြီးပမာအေးမြမှုတွေပေးစွမ်းခဲ့သူအသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့အမေ့သားကအာဇာနည်သူရဲကောင်းတဲ့လား ကြွေကျတာတောင်လင်းလက်နေတဲ့ကြယ်ပွင့်တဲ့လားတောထဲတောင်ထဲဘယ်သူမှမသိတဲ့နေရာမှာ

Dbတောင်မရဘဲသေဆုံးခဲ့တာတောင်ပြည်တွင်း၊ပြည်ပမီဒီယာတွေကနေဖော်ပြပေးတဲ့အထိသားရဲ့ကျဆုံးမှုကိုအသိအမှတ်ပြုခံစေရတဲ့သားစိုင်းဘုန်းမင်းသန့်မေမေလားကိုစိုင်းရှေ့တန်းမှာလက်နက်ကြီးထိပြီးကျဆုံးပါတယ်လို့ ဝင်လာတဲ့ဖုန်းထဲကစကားသံခုထိနားထဲကမထွက်ပါဘူးရုတ်တရက်အသက်ရူတာရပ်သွားသလိုမဟုတ်ဘူး

မယုံဘူး မဖြစ်နိုင်ဘူးလို့ပါးစပ်ကငြင်းဆန်နေရပေမယ့်မတ်တတ်ရပ်နိုင်စွမ်းတောင်မရှိအောင်ပြိုလဲခဲ့ရတာပါဖြစ်စဉ်ကိုကိုယ်ကိုတိုင်သိချင်လို့ခနခနဖုန်းဆက်မေးနေပေမယ့်ဒီအဖြေကိုကိုယ်တိုင်ပြန်နားထောင်ဖို့ကိုသတ္တိမရှိအောင်ကြောက်နေခဲ့တယ်။

သားလေးကိုထားခဲ့ရတယ်လို့ပြောကြပေမယ့်ကူညီမယ်သူတော်ကောင်းနဲ့တွေ့ပြီးကယ်တင်စောင့်ရှောက်ပေးထားပါစေတနေရာရာမှာအသက်ရှင်နေပါဆိုတဲ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။

သူ့လူတွေလို့ သူအမြဲပြောနေတဲ့သူတွေအတွက်နေဖို့နေရာဆိုAir con ,Wifi ,Water cooler အပြည့်အစုံသွားမလား ကားအဆင်သင့်စားချင်တာပြောဦးမလားဒီအမေချက်တာတစ်မျိုး၊ဆိုင်ကဝယ်ကျွေးတာမျိုးစုံမထပ်စေရဘူးဒဏ်ရာရနေလားဆေးကုပေးမယ်၊နေကောင်းတဲ့အထိပြုစုပေးပြီးအိမ်တိုင်ရာရောက်ကားနဲ့လိုက်ပို့ပေးမယ်သူများကိုကူညီပြီဆိုတအားကိုလုပ်ပေးတတ်လို့အမေကပြောတိုင်းမေရယ်ဒါရဲဘော် ရဲဘက်တွေလေလုပ်ပေးရမှာပေါ့တဲ့.

တခြားသောကူညီပေးမှုတွေချရေးလို့မကုန်ပါဘူး။ဒီလောက်ကူညီတတ်တဲ့ငါ့သားလေးကူညီကယ်တင်မယ့်သူမပြောနဲ့ခုထိdb တောင်ယူလို့မရသေးဘူးတဲ့လားလပြည့်ညရဲ့လမင်းကြီးအောက်မှာတစ်ယောက် တည်းကျန်ခဲ့တယ်တဲ့လားကံကြမ္မာရယ်ရက်စက်လွန်းခဲ့တယ်။

သားပြန်လာမယ်နော်လို့အမေ့ကိုကန်တော့ရင်းသားကိုယ်တိုင်ကတိပေးခဲ့တာမကြာသေးပါဘူးနော် အမေငိုတော့အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီးကျောကိုသပ်လို့အမေ့ပါးကိုနမ်းခဲ့တာခုတော့ နောက်ဆုံးအနမ်းတဲ့လားသားရယ်

အမေ့အလှည့်ကျမှသားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့Dbတောင်မရဘူးတဲ့လားပညာရေးတပိုင်းတစနဲ့သားအိပ်မက်တွအကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာအမေတကယ်စိတ်မကောင်းပါဘူးသားရယ်သားရဲ့

ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက်သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိဂုဏ်ပြုနေကြပါပြီနောက်ဘဝမှာလူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ လူ့ဘဝရပါစေ သားရေ။ အမေ့ထက်ပိုချစ်ပေးမယ့်အမေနဲ့ဆုံဆည်းနိုင်ပါစေ

အမေ့ထက် ပြည့်စုံအောင် ထားပေးမယ့် မိဘနဲ့ တွေ့ဆုံပါစေ သားအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီးမကြွေခင်မှာလင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ်လောကအကျိုးကိုဆောင်နိုင်ပါစေဝမ်းနည်းကြေကွဲရနေရပေမယ့်

ဂုဏ်ယူပါတယ် သား လူသာသေတယ် နာမည်မသေခဲ့ပါဘူး။ အမေ့ရင်ထဲမှာတော့ ထာဝရရှင်သန်နေမယ့်သားပါ အမေ အမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကိုလွတ်လပ်စွာ ပျံသန်းလိုက်ပါသား အမေတို့

မိသားစုက ဝမ်းနည်ကြေကွဲခြင်းများစွားဖြင့် ဂုဏ်ယူလိုက်ပါတယ်သားရယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေး ဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *