ဒီလိုအချိန်မှာစျေးတွေတင်မရောင်းဖို့ တောင်းပန်လာတဲ့ သရုပ်ဆာင်ဖွေးဖွေး

အခုချိန်မှာ ဈေးတွေ တင်ရောင်းနေတဲ့ သူတွေကို ထိထိမိမိပြောလာခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဖွေးဖွေးက အပီပြင်ဆုံး သရုပ်ဆောင် ချက်တွေနဲ့ အတူ ကျရာ ဇာတ်ကောင်တွေမှာ အကောင်းဆုံး

သရုပ် ဆောင် နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင် အမာ အပြည့်အဝ ရရှိ

ထားတဲ့ ထပ်ဆင့် အကယ်ဒမီ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

ဖွေးဖွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်က ပါဝင်ပြီး လူထု လှုပ်ရှားမှုတွေမှာလဲ အားတက် သရော ပါဝင် လာခဲ့ပါတယ်။

ဒီလို ပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅ က နဲ့ မတ ရား အမှုဖွင့် အရေးယူ ထားခြင်းခံရတာကြောင့် ဘေးကင်းရာကို ရှောင်းတိမ်း နေရပါတယ်။

ဖွေးဖွေးက အကြောင်းအမျိုးမျိုးကြောင့် လမ်းထွက် လှုပ်ရှားမှာတွေမှာ မပါဝင်နိုင်ပြီး တိမ်းရှောင်နေရပေ

မယ့်လဲ ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာသားတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ရေး သား ဖော်ပြလေ့ရှိပါတယ်။

အခုလို တိမ်းရှောင်နေရလို့ ပြည်သူတွေကို ပစ်ထားတာ မဟုတ်တဲ့ အကြောင်းကိုလဲ သူမရဲ့ လူမှုကွန်ယက် ထက်မှာ ပြန်လည် ရှင်းပြ ထားပါသေးတယ်။

အခု တစ်ခါမှာဆိုရင်လဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ရောဂါ ကပ်ဆိုးကြီးကို အကြောင်းပြပြီးတော့

ကုန် ဈေးနှုန်းတွေ မတရားတင် ရောင်းနေကြတဲ့အပေါ်ကိုလဲ ဖွေးဖွေးက ခုလို ပြောကြားထား ပါသေးတယ်။

ဖွေးဖွေးက ဈေးတွေ အရမ်း မတော် မတရား တင်ရောင်းတာတွေ မလုပ်ကြပါနဲ့ လားရှင်။ တော်ရုံပဲ ကောင်းပါတယ်။

အောက်ဆီဂျင်တွေလဲ ဈေးတွေက ခေါင်ခိုက်ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက် နှာမှ တဆင့် ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

ပြည်သူတွေ အားလုံးလဲ ဒီလို ကပ်ဆိုးကြီးကနေ အမြန်ဆုံး လွှတ်မြောက်ပြီး သာယာ အေးချမ်းတဲ့ နေ့

လေး အမြန်ဆုံး ရောက်ရှိပါစေလို့ ဆုတောင်း ပေး လိုက်ရပါတယ် ခင်ဗျာ။

အဆုံးထိဖတ်ပေးကြတဲ့ ပ ရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေ းဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *